BEC-TERO TV

သုံးနှစ်သမီးလေးကို ရေနစ်စေခဲ့တဲ့ ပထွေးကို ထောင်ဒဏ် နှစ် ၁၀၀ ချမှတ်

27 Sep 2016     1,675 Views


တောင်အမေရိက က ဂျိုဆေဒေးဗစ်အန် ဆိုတဲ့ လူတစ်ယောက်က သူ့ရဲ့ ၃ နှစ်အရွယ် မယားပါသမီးလေးကို ရေကူးကန်ထဲကို ပစ်ချခဲ့ပြီး ရေနစ်နေစေတဲ့ ဗီဒီယိုကို စီစီတီဗီမှာ ဖမ်းယူရရှိခဲ့ပါတယ်။ ဗီဒီယိုတွင် မြင်ခဲ့ရတာကတော့ သူဟာ ကလေးမလေးကို အရုပ်တစ်ရုပ်သဖွယ် ဆွဲမြောက်ပြီး ရေကူးကန်ထဲကို အကြိမ်ကြိမ် ပစ်ချပါတယ်၊ ရေမကူးတတ်သေးတဲ့ ကလေးကို ရေထဲမှာ သူဘာသာ ရုန်းကန်နေစေတဲ့အတွက် ကလေးဟာ ရေနစ်ခဲ့ရပါတယ်။ ရေနစ်တဲ့အခါ အသက်ကယ်ရာဘာရုပ်ကို ရေထဲသို့ ပစ်ချပေးပေးမယ့် ကလေး လက်လှမ်းမမီတဲ့နေရာကို ပစ်ချခဲ့ပါတယ်။
 
ကလေးမလေးရဲ့ မိခင်က ဟိုတယ်အခန်းထဲမှာ အိပ်ပြီးကျန်နေခဲ့တဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူက တွေ့သွားတဲ့အချိန်မှာတော့ ကလေးကို ဆေးရုံအမြန်ပို့ခဲ့ပေမယ့် ကလေးမလေဟာ သေဆုံးသွားခဲ့ပါတယ်။အဆိုပါ ဗီဒီယို အွန်လိုင်မှာ ပျံ့နှံ့ခဲ့ပြီး လူတွေ အတော်ကို ဒေါသထွက်ခဲ့ကြပါတယ်။ 
၂၀၁၅ ခုနှစ် သြဂုတ်လက မက္ကစီကိုမြို့မှာ ဖြစ်ပျက်ခဲ့ပြီး တရားခံကိုတော့ ထောင်ဒဏ် အနှစ် ၁၀၀ ချမှတ်ခဲ့ပါတယ်။

27 Sep 2016     1,675 Views




RELATED

Most Popular of International News

Most Popular of NEWS