BEC-TERO TV

ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးအတွင်း ဆေးဝါးအတုနှင့် သက်တန်းလွန်ဆေး ၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ

28 Sep 2016     1,465 Views


စက်မှုဝန်ကြီးဌါန၊ ပြည်ထဲရေးဝန်ကြီးဌါနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌါနတို့ ပူးပေါင်းကာ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့ထိ ရန်ကုန်မြို့လယ်ရှိ ဗိုလိချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးအတွင်းရှိ ဈေးဆိုင်များ၊ သိုလှောင်ရုံများသို့ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာတွင် ကျပ်ငွေ ၂ ဒသမ ၈၀၇ ဘလီယံ တန်ဖိုးရှိသော ဆေးဝါးအတုများနှင့် သက်တမ်းလွန်ဆေးဝါးများအား ရှာဖွေတွေ့ရှိခဲ့သည်။ 
 
အဆိုပါအမှုနှင့် ဆက်စပ်နေသော ဆေးဝါးအတုလုပ် ရောင်းချသူ ၇ ဦး၊ ဆေးဝါးအတုပြုလုပ်သူ ၄ ဦး၊ ဆေးဝါးတံဆိပ်အတုပြုလုပ်သူ ၂ ဦး နှင့် သက်တမ်းလွန်ဆေးဝါးများ သိုလှောင်ထားသူ ၁ ဦီး စုစုပေါင်း ၁၄ ဦးတို့ကို ၁၉၉၂အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈/ရာဇသတ်ကြီး ပုဒ်မ ၁၀၉ အရ အမှုဖွင့်အရေးယူထားကြောင်း စက်မှုဝန်ကြီးဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။ 
 
ဆေးဝါးများဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သက်တမ်းလွန် ဆေးဝါးများကို သိုလှောင်ခြင်း များပြုလုပ်ပါ ၁၅(က)ဖြင့် အရေးယူနိုင်ပြီး ဥပဒေပုဒ်မ ၁၈ အရ ငွေဒဏ် ငါးသောင်းမှ ငါးသိန်းဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်နိုင်ဆွေက ပြောကြားသည်။
 
Ref:7dayDaily

28 Sep 2016     1,465 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS