BEC-TERO TV

အင်းဝအပ်ချုပ်ဆိုင် နှိပ်စက်ညှင်းပန်းမှု အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦး လာရောက်အဖမ်းခံ

29 Sep 2016     1,254 Views


ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူတစ်ဦး စက်တင်ဘာလ ၂၈ ရက်နေ့တွင် လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။
 
အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတား မြို့မရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၉/၂၄/ ၃၂၊ (ပ)၂၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၅/၃၄၄/၁၁၄ နှင့် ရဲအရေးမပိုင်မှုအမှတ်စဉ်(၄၀/၂၀၁၆)၊ ကလေးသူငယ်ဥပဒေပုဒ်မ-၆၆(ဃ) တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုများမှ တိမ်းရှောင်နေသူ မသီရိလတ်၊ (၃၄)နှစ်မှာ ၂၈.၉.၂၀၁၆ ရက်နေ့ ည ၉ နာရီ အချိန်တွင် ကျောက်တံတားမြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သဖြင့် အရေးယူဆောင်ရွက်ရန် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Ref:YangonPolice

29 Sep 2016     1,254 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS