BEC-TERO TV

၁၄ နှစ်အရွယ် အိမ်ပြေးမလေးများအား မိဘထံအချိန်မီပြန်လည်အပ်နှံနိုင်ခဲ့

30 Sep 2016     1,264 Views


ကျောက်ဆည်မြို့မှ မိဘအုပ်ထိန်းသူများ မသိပဲ နေရပ်မှထွက်လာခဲ့သော အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦးကို မြောက်ဥက္ကလာပမြို့နယ်တွင် တွေ့ရှိရသဖြင့် စက်တင်ဘာ ၃၀ ရက်နေ့တွင် မိဘအုပ်ထိန်းသူများထံ အကြောင်ကြားအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
 
ကျောက်ဆည်မြို့တွင် နေထိုင်သော မိန်းကလေး ၃ ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေအိမ်မှ ကျောင်းသို့သွားမည်ဟုဆိုကာ ကျောက်ဆည်မှ မန္တလေးသို့ ထွက်လာခဲ့ကြပြီး ထိုညတွင်ပင် မန္တလေးမှ ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၉ ရက်နေ့နံနက်တွင် ရောက်လာခဲ့သည်။ ထို့နောက် သူတို့ ၃ ဦးနေထိုင်ရန် မြောက်ဥက္ကလာပမြို့နယ်တွင် လိုက်လံငှားရမ်းနေခဲ့ကြသည်။ ထိုသို့ နေထိုင်ရန် အိမ်လိုက်ရှာနေစဉ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်ဖြစ်သူ ဒေါ်ချိုချိုစန်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ မြို့နယ်မီးသတ်ရုံးရှေ့လမ်းမပေါ်တွင် ၎င်းတို့အားတွေ့ရှိခဲ့ရသဖြင့် မေးမြန်ကြည့်ရာမှ မိဘအုပ်ထိန်းသူများ မသိပဲ ကျောက်ဆည်မြို့မှ လာရောက်ကြောင်း သိရှိခဲ့ရဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့ခေါ်ဆောင်ကာ အပ်နှံပေးခဲ့ပါသည်။
 
အဆိုပါကိစ္စအတွက် ကျောက်ဆည်မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ရာ ၎င်းတို့ပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ် (၈/၂၀၁၆)ဖြင့် ရေးဖွင့်စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရှိရပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် အတူလာရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်းသိရှိရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စောင့်ရှောက်ထားခဲ့ပါသည်။
 
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် အချိန်တွင် မြောက်ဥက္ကလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မိအမျိုးသမီးငယ်(၃)ဦး၏ ဖခင်များမှ
ကျောက်ဆည်မြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ လာရောက်ခေါ်ဆောင်သဖြင့် မိဘများထံ စနစ်တကျပြန်လည်အပ်နှံပေးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
 
Source:YangonPolice

30 Sep 2016     1,264 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS