iPhone အကြီးစား ကိုယ်လုံးပေါ်စမတ်ကြည့်မှန် တီထွင်လိုက်ပြန်ပြီ
30 Sep 2016 2,407 Views
Apple iPhone နဲ့ ချိပ်ဆက်သုံးနိုင်မယ့် စမတ်ကြည့်မှန် (smart mirror) တစ်ချပ်ကို လူတစ်ဦးက ဖန်တီးနိုင်ခဲ့ကြောင်း ဗီဒီယိုနှင့် သရုပ်ပြသွားခဲ့ပါတယ်။ ကိုယ်လုံးပေါ်ကြည့်မှန် တစ်ချပ်ပေါ်မှာ iPhone ရဲ့ Application တွေအားလုံးဟာ မှန်ကြည့်သူ အနှောက်ယှက်မဖြစ်ရအောင် ဘောင်တန်းမှာ အစီစဉ်တကျ ပေါ်နေစေပြီး၊ အဆိုပါမှန်ပေါ်က နှစ်သက်ရာ Application ကို ထိပြီး အလုပ်လုပ်နိုင်ပါတယ်။ ဒီ့အပြင် မှန်ပေါ်မှာပဲ သီချင်းနားထောင်ခြင်း၊ ဗီဒီယိုရုပှ်င်ကြည့်ခြင်းတို့ကိုပါ လုပ်နိုင်ပါတယ်။
၄၅ စက္ကန်အချိန် မှန်မှာ ဘာမှအလုပ်မလုပ်နေပါက အလိုလိုပိတ်သွားမည်ဖြစ်ပြီး၊ ပြန်လည်ပွင့်လိုပါက ကြည့်မှန်သားပြင်ပေါ်က ကြိုက်တဲ့နေရာကို ထိလိုက်ရုံနဲ့ Application တွေ ပြန်ပေါ်လာမှာဖြစ်ပါတယ်။ အဆိုပါ စမတ်ကြည့်မှန်ကို စမ်းသပ်နေတဲ့ အဆင့်မှာပဲရှိသေးပြီး တီထွင်သူပုဂ္ဂိုလ်က သူရဲ့ စမတ်ဧည့်ခန်း အစီစဉ်တွေထဲက တစ်ခုအဖြစ် ရည်ရွယ်ထားပါတယ်။








