မြန်မာလုပ်သားများ အခွင့်အရေးကို ကာကွယ်နိုင်စွမ်းမရှိသည့် ထိုင်းကုမ္ပဏီ(၂၄)ခုကို အမည်မည်းစာရင်းသွင်း
30 Sep 2016 1,515 Views
ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ခြင်းမရှိတဲ့ ထိုင်းကုမ္ပဏီ ၂၄ ခုကို အမည်မည်းစာရင်းသွင်းထားပြီး မြန်မာလုပ်သား ခေါ်ယူခွင့် ပိတ်ထားတယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာ ၂၈ ရက်ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း ပြောပါတယ်။







