BEC-TERO TV

Galaxy Note 7 ကို အားကျလို့ iPhone 7 လည်းပေါက်ကွဲပြန်ပြီ

30 Sep 2016     1,283 Views


ကမ္ဘာကျော် စမတ်ဖုန်းကုမ္ပဏီတွေရဲ့ အပြန်အလှန် ခိုးချမှုက ဘယ်တော့များမှ ရပ်တန့်မယ် မသိပါဘူး။ Samsung က Apple iPhone ရဲ့ နည်းပညာနဲ့ ဒီဇိုင်းကို အတုယူကူးချတယ်ဆိုပြီး တရားစွဲခံရမှုတွေလည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီလိုပါပဲ iPhone က Android တွေရဲ့ လုပ်ဆောင်ချက်တွေကို အတုယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရသလို Samsung ကသာ မျက်မှာပြင် ခပ်ကြီးကြီးနဲ့ စမတ်ဖုန်းတွေသာ မထုတ်လုပ်ခဲ့ဘူးဆိုရင် Apple ကလည်း Plus size iPhone တွေ ထွက်လာစရာ အကြောင်းမရှိနိုင်ပါဘူး။
 
 
Samsung ရဲ့နောက်ဆုံးပေါ် Galaxy Note 7 တွေ အလိုလို ထပေါက်ကွဲတတ်တဲ့ သတင်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့တာကို အားလုံးလည်း သိကြပါလိမ့်မယ်။ ဒီလို ကမ္ဘာကျော်သွားတဲ့ ကိစ္စကို Apple က ခံချင်ပုံမရပါဘူး၊ ထွက်လာတာ ရက်ပိုင်းမျှသာ ရှိသေးတဲ့ နောက်ဆုံးပေါ် iPhone 7 က အားကျမခံ ပေါက်ကွဲပြလိုက်ပါတယ်။
ဒါပေမယ့် Samsung Galaxy Note 7 လို ဘက်ထရီ မကောင်းလို့တော့ မဟုတ်ပါဘူး။
 
 
ဖော်ပြပါ iPhone 7 ဗူနဲ့တစ်ကွ မီးလောင်ကျွမ်းနေတဲ့ ပုံကို iPhone 7 မှာယူသူတစ်ယောက်က တင်ထားတာဖြစ်ပါတယ်။ Apple ကနေ မှာယူခဲ့ပြီးနောက် သူ့အိမ်ကို ပစ္စည်းရောက်လာလို့ ဝမ်းသာအားရ ဖွင့်ကြည့်လိုက်တဲ့အခါ၊ အခုလိုမြင်ရတဲ့အတိုင်း မီးကျွမ်းပေါက်ကွဲနေတဲ့ iPhone 7 ကို တွေ့ရတော့တာပဲဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ စက်ရုံနဲ့ ပစ္စည်းပို့တဲ့ အချိန်နှစ်ခုကြားမှာ ဖြစ်တာ ဖြစ်နိုင်တယ်လို့ iPhone ပိုင်ရှင်က ဆိုပါတယ်။ Apple နှင့် ပစ္စည်းပို့ကုမ္ပဏီဖြစ်တဲ့ UPS တို့ကတော့ အဆိုပါကိစ္စနဲ့ပက်သက်ပြီး သတင်းထုတ်ပြန်မှု တစ်စုံတရာမရှိသေးပါဘူး။ 
 
 
iPhone 7 မှာယူသူက Apple ကို ဆက်သွယ်ပြီး အစားပြန်ပေးဖို့ တောင်ခံတဲ့အချိန်ကျရင်တော့ တစ်ဖက် ဖက်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာ သေချာပါတယ်။ ဒါကြောင့်မို့ iPhone အသစ် မှာယူထားသူများ ဘုရားတရားသာ တ နေကျပေရော...။

30 Sep 2016     1,283 Views




RELATED

Most Popular of Special or Others

Most Popular of NEWS