BEC-TERO TV

အသက် ၁၃ နှစ်အရွယ်နဲ့ အဖေတစ်ယောက်ဖြစ်လာသူ

03 Oct 2016     2,092 Views


ဖတ်ဖူးသမျှသတင်းတွေထဲမှာ ဒီသတင်းက တော်တော်ထိတ်လန့်စရာကောင်းပါတယ်၊ စာရေးသူတို့ အသက် ၁၃ နှစ်အရွယ်ကဆိုရင် ဘာဘာညာညာ စိတ်တွေ မဆိုထားနှင့် ဂိမ်းစက် လုနှိပ်လို့ကောင်းတုန်း အရွယ်ပင်။ ၁၃ နှစ်သားနဲ့ အဖေတစ်ယောက် ဖြစ်လာတယ်ဆိုတာမျိုး တစ်ခါမှ မစဉ်းစားဘူးခဲ့ပါ။
 
ဒါပေမယ့် ဒါဟာတစ်ကယ့် အဖြစ်အပျက်တစ်ခုဖြစ်နေပါတာက အံ့သြမှင်သက်မိပါတယ်။ ၁၃ နှစ်အရွယ် အင်္ဂလိပ်လူမျိုး ကောင်လေး ‘အယ်လ်ဖီ ပတ်တန်’ က အရပ် ၄ ပေလောက်သာရှိပြီး သူ့ရဲ့ မျက်နှာလေးက သူ့အသက်ထက်တောင် ငယ်တယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ မွေးကင်းစ သားငယ်လေးရဲ့ အမည်က “မေစီး ရော့ဇန်း’ ဖြစ်ပါတယ်။ ကလေးရဲ့ အမေ ‘ရှန်လေ စတိဒ်မန်း’ က သူ့ထက် အသက် ၂ နှစ်ပိုကြီးပါတယ်။ ‘အယ်လ်ဖီ’ ကသက် ၁၂ နှစ် နဲ့ သူ့ချစ်သူကောင်းမလေး ‘ရှန်လေ’ ၁၅ နှစ်တို့ တစ်ညမှာ မထင်မှတ်ပဲ ဘာအကာအကွယ်မှမပါပဲ ပျော်ပါးမိခဲ့ကြရာမှ ကိုယ်ဝန်ရသွားခဲ့ခြင်းဖြစ်ပါတယ်။
 
 
သတင်းဌါနတစ်ခုက အခုမွေးလာတဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ ငွေရေးကြေးရေးအစီစဉ် အနေနဲ့ လာတွေ စီစဉ်ထားပြီးပြီလဲလို့ ‘အယ်လ်ဖီ’ ကို မေးခဲ့ရာ ‘အယ်လ်ဖီ’ က ငွေးရေးကြေးရေးအစီစဉ်ဆိုတာ ဘာကိုပြောတာလို့ ပြန်မေးခဲ့ပါတယ်။ အလုပ်အကိုင်ဆိုတာ မဆိုထားနှင့် ပညာရေးတောင် ဆုံးခန်းမတိုင်သေးတဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်က သူတို့မွေးလာတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ကြမလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။
 
 
‘အယ်လီ’ က ‘ရှယ်လေ’ မှာ ကိုယ်ဝန်ရှိနေကြောင်းသိလိုက်ရတဲ့အခါမှာ အရမ်းကို တုန်လှုပ်ခဲ့ပေမယ့် ကိုယ်ဝန်ကို ဖျက်ချမယ့်အစား မွေးဖို့ကိုသာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဆယ်ကျော်သက် ကလေးလင်မယားက လောလောဆယ် ‘ရှန်လေ’ ရဲ့ အိမ်မှာပဲ ကလေးနဲ့အတူ နေထိုင်ကြပါတယ်။ “ကျွန်တော် မိဘကောင်းတစ်ယောက်ဖြစ်လာမှာပါ၊ ခုချိန်ကစပြီး ကျောင်းမှာ အစွမ်းကုန်ကြိုးစားရတော့မယ်” ဟု ‘အယ်လ်ဖီ’ က ပြောပါတယ်။  

03 Oct 2016     2,092 Views




RELATED

Most Popular of Special or Others

Most Popular of NEWS