BEC-TERO TV

အင်းဝအပ်ချုပ်ဆိုင် အမှုအတွက် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှုးတို့ကို အရေးယူမည်

03 Oct 2016     1,223 Views


အောက်တိုဘာလ ၃ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ ဒုတိယနေ့တွင် ကျောက်တံတားမြို့နယ်၊ အင်းဝအပ်ချုပ်ဆိုင်၌ ကော့မှူးမြို့နယ်မှ အိမ်အကူမိန်းကလေးငယ် ၂ ဦးအား အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုမှ ၅ နှစ်နီးပါးခန့် ညှင်းပန်းနှိပ်စက်ခဲ့မှုနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က မေးခွန်းများ မေးမြန်းခဲ့ကြရာ
တာဝန်ပေါ့လျော့ခဲ့သော ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့အား ရဲစည်းကမ်းဥပဒေအရ ထိရောက်စွာအရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရှင်းလင်းဖြေကြားခဲ့သည်။
 
Credit: KoMyatMinThant

03 Oct 2016     1,223 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS