BEC-TERO TV

တိုယိုတာကားကုမ္ပဏီက အဖော်ဖြစ်စေမယ့် စက်ရုပ်ငယ်လေး တီထွင်ထုတ်လုပ်

04 Oct 2016     1,293 Views


ဂျပန်နိုင်ငံ ကမ္ဘာကျော်ကားထုတ်လုပ်ရေးကုမ္ပဏီ ‘တိုယိုတာ’ က တစ်ကိုယ်တည်း ကားမောင်းသွားရင်းပဲဖြစ်ဖြစ်၊ တစ်ယောက်ထဲ အဖော်မရှိဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုအဖော်လုပ်ပေးမယ့် စက်ရုပ်လေးကို တီထွင်ထုတ်လုပ်လိုက်ပါတယ်။ ကိုရိုလာကားထဲမှာပါတဲ့ ကော်ဖီခွက်ထည့်တဲ့ နေရာလေးမှာတောင် ထားလို့ရတဲ့ အသေးစားစက်ရုပ်လေးရဲ့ အမည်ကိုတော့ ‘ကီရိုဘို’ လို့ ပေးထားပါတယ်။ ၄ လက္မအမြင့်လောက်ပဲရှိတဲ့ ‘ကီရိုဘို’ က ကိုယ့်ကိုစကားပြန်ပြောနိုင်သလို ကိုယ့်ရဲ့မျက်နှာအမူအယာကို ကြည့်ပြီးလည်း စကားတွေမေးတတ်ပါတယ်။ 
 
‘ကီရိုဘို’ ကို နောင်နှစ်လောက်မှာ ဂျပန်ဈေးကွက်ထဲကို စတင်ဖြန့်ဖို့ တိုယာတာက စီစဉ်နေပြီး ယူအက်စ်ဒေါ်လာ ၄၀၀ ကျော်လောက် ကျသင့်မှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေအတွက်တော့ ဘာမှပြောဆိုခြင်းမရှိသေးပါဘူး။ စက်ရုပ်လေးက သူ့ရဲ့အဖော်ဟာ ဘာတွေကို နှစ်သက်တယ်၊ ဘာတွေကို မနှစ်သက်ဘူးဆိုတာကို မှတ်မိနေမှာဖြစ်သလို၊ သူတို့ အတူသွားခဲ့ကြတဲ့ ခရီးစဉ်တွေကိုလည်း မှတ်မိပါလိမ့်မယ်လို့ တိုယိုတာက ပြောပါတယ်။ စက်ရုပ်လေးကို ကားထဲမှာ ထားရုံသာမက မည်သည့်နေရာကိုမဆို အဖော်အဖြစ် သယ်သွားပြီး စကားတွေ အပြန်လှန်ပြောဆိုနိုင်မှာဖြစ်ပါတယ်။
 
ဂျပန်နိုင်ငံက ကုမ္ပဏီအတော်များများက တစ်ကိုယ်တည်း အထီးကျန်ဖြစ်နေတဲ့ ထောင်သောင်းပေါင်းများစွာသော လူငယ်တွေအတွက် လူမှုပတ်ဝန်းကျင်နဲ့ထိတွေ့စေနိုင်မည့် နည်းပညာနှင့်ဖန်တီးထားသည့် အထက်တန်းကျောင်းအတု အတွက် ကြိုးစားလုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ ‘ကီရီုဘို’ အသေးစား စက်ရုပ်ငယ်လေးက လူမှုပတ်ဝန်းကျင်ထိတွေ့ ဆက်ဆံမှု တစ်ခုကို လုပ်ဆောင်ပေးနိုင်ပြီး ပိုပြီးနေပျော်တဲ့ဘဝတစ်ခု ဖြစ်လာဖို့အတွက် အထောက်ကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ 

04 Oct 2016     1,293 Views




RELATED

Most Popular of Special or Others

Most Popular of NEWS