BEC-TERO TV

မြို့လယ်ကောင် ကြော်ငြာဘုတ်တွင် ညစ်ညမ်းဗီဒီယိုလွှင့်သူအား ထောင်ဒဏ်ချမှတ်

06 Oct 2016     1,589 Views


လူအများစည်ကားနေချိန် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့လယ်ကောင်ရှိ တီဗီကြော်ငြာဘုတ်တွင် ဂျပန်ညစ်ညမ်း ဗီဒီယိုထုတ်လွှင့်မှုအတွက် အသက် ၂၄ နှစ်အရွယ် အိုင်တီပညာရှင် တစ်ဦးကို အင်္ဂါနေ့က သူရဲ့ ရုံးခန်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ 
 
အဆိုပါ ပုဂ္ဂိုလ်က ကြော်ငြာဘုတ်၏ ကွန်ပျူတာစနစ်အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ညစ်ညမ်းဗီဒီယို လွှင့်ခဲ့တာဖြစ်ပါတယ်၊ လူစည်ကားချိန် ဖြစ်သည့်အလျောက် လမ်းမပေါ်ရှိ ကြောငြာဆိုင်ဘုတ်တွင် ပြသနေချိန်တွင် လမ်းပေါ်ရှိလူများက ဖုန်းများနှင့် မှတ်တမ်းတင်ပြီးနောက် ဆိုရှယ်မီဒီယာပေါ်တွင် ထူးဆန်းသတင်းတစ်ပုဒ်အဖြစ် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။  
 
အင်ဒိုနီးရှားနိုင်ငံကဲ့သို့ ဘာသာရေးတားမြစ်မှုများ တင်းကျပ်သည့် နိုင်ငံတွင် ဤကဲ့သို့ အကျည်းတန်သည့် လုပ်ရပ်ကြောင့် ကျူးလွန်ခဲ့သူ အိုင်တီပညာရှင်မှာ ပြင်းထန်တဲ့ စွဲချက်များနှင့် ကြုံတွေ့ရဖို့ ရှိပါတယ်။ 
ဂျကာတာရဲများ၏ အဆိုအရ အိုင်တီပညာရှင်သည် ကြော်ငြာဘုတ်စနစ်၏ ကုဒ်များကို တွေ့ရှိခဲ့ပြီး၊ နောက်ပြောင်ကျည်စယ်ရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြစ်မှုကို သူတစ်ဦးတည်း ကျူးလွန်ခဲ့တယ်ဟု ထွက်ဆိုခဲ့သော်လည်း ရဲများက အခြားသူများ ပါဝင်ပက်သက်မှုရှိ မရှိ ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိသည်။
 
လူအများနှင့်သက်ဆိုင်သော နေရာတွင် ညစ်ညမ်းဗီဒီယို ပြသခြင်း နှင့် ကြောငြာစနစ်ကို ချိုးဖောက်ဝင်ရောက်ခဲ့မှုအတွက် ထောင်ဒဏ် ၆ နှစ် ကျခံရဖို့ ရှိနေပါသည်။

06 Oct 2016     1,589 Views




RELATED

Most Popular of International News

Most Popular of NEWS