BEC-TERO TV

ကမ္ဘာ့တစ်လွှားက ထူးထူးခြားခြား မွေးရာပါအမှတ်များ

07 Oct 2016     1,876 Views


လူတိုင်းမှာ မွေးရာပါအမှတ်အသားတစ်ခုက ကိုယ်စီရှိတတ်မြဲဖြစ်ပါတယ်။ အချို့က မျက်နှာပေါ်မှာ၊ အချို့က လက်ပေါ်မှာ စသဖြင့် နေရာလေးတွေသာ ကွားခြားတတ်ပါတယ်။ အချို့အမှတ်အသားတွေက လူတစ်ယောက်ကို ကိုယ်စားပြုတာမျိုး (ဥပမာ မို့မို့မြင့်အောင်ရဲ့ မှဲ့) အထိကို ဆွဲဆောင်မှုရှိစေပါတယ်။ 
မွေးရာပါအမှတ်ဆိုတာ သဘာဝတရားဖြစ်လို့ ဖျက်လို့ပြင်လို့ မလွယ်လှပါဘူး ဒါပေမယ့် မြင်နေကျပုံစံမျိုးမဟုတ်ပဲ ထူးဆန်းအံ့သြစရာကောင်းတဲ့ မွေးရာပါအမှတ်ကြီးများ ရှိနေရင်ရော ဘယ်လိုလုပ်ကြမလဲ..? 
ကမ္ဘာ့တစ်လွှားက ထူးထူးခြားခြား မွေးရာပါအမှတ်များပိုင်ရှင်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
၁။ Connie
ထူးထူးခြားခြား မွေးထဲက ဂျိုကာလိုအမှတ်သားလေး နှာသီးဖျားထိပ်လေးမှာ အသားပိုလေးလိုပါလာတဲ့ ချစ်စရာသမီးလေးပါ။ နောက်ပိုင်းမှာတော့ အသားပိုလေးကို ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။
 
 
၂။ The White striped boy
သူ့ရဲ့ အမှတ်အသားလေးကတော့ တစ်မင်သက်သက် စတိုင်ထုတ်ထားသလားလိုတောင် ထင်မိပါတယ်။
 
 
၃။ Cassandra Naud
အကပညာရှင်တစ်ဦးဖြစ်တဲ့ Cassandra က အသက် ၂၂ နှစ်ရှိပြီးဖြစ်ပြီး သူမျက်နှာပေါ်က အမှတ်ကထူးခြားပါတယ်။ သူမငယ်စဉ်က သူ့မိဘတွေက ဒီအမှတ်ကို ခွဲစိတ်ဖို့စီစဉ်ခဲ့ကြပေမယ့် သူမက လက်မခံခဲ့ပဲ မွေးရာပါလေးအတိုင်း နေထိုင်ခဲ့ပါတယ်။
 
 
၎။ Li Xiaoyuan
သူမငယ်စဉ်က ကျောပေါ်က အမှတ်လေးက သေးသေးလေးဖြစ်ပါတယ်။ သူမ ကြီးပြင်းလာတာနဲ့အမျှ အမှတ်ကလည်း ပုံမှာမြင်ရတဲ့အတိုင်း ကျယ်ပြန့်လာခဲ့ပါတယ်။ သူမရဲ့ အမှတ်က မီးခိုးရောင် အမွှေးမျှင်တွေက ခန္ဂာကိုယ်တစ်ခြမ်းကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေပါပြီ၊ ခင်တဲ့သူတွေကတော့ သူမကို ကြောင်မလေးလို့ ခေါ်ကြပါတယ်။
 
 
၅။ Zhang Hongming
ဝံပုလွေလူသားလို့ တင်စားရလောက်တဲ့ Zhang ရဲ့ အမှတ်ကလည်း တစ်ဖြည်းဖြည်း ကြီးမားလာခဲ့တာဖြစ်ပါတယ်။
 
 
၆။ Holy Cow
လူတွေမှာတင် ထူးခြားတဲ့ အမှတ်လေးတွေရှတာမဟုတ်ပါဘူး။ နွားငယ်လေးရဲ့ လက်ဝါးကပ်တိုင်သဖွယ် အမှတ်လေးကလည်း ထူးခြားပါတယ်။
 
 
၇။ The Turtle Boy
ခပ်လှမ်းလှမ်းက ကြည့်လိုက်ရင် အခုခေတ်စားနေတဲ့ လိပ်ပုံသဏ္ဍန်ကျောပိုးအိတ် လွယ်ထားတယ်လို့ ထင်ရတဲ့ ကလေးငယ်တစ်ယောက်ပါ၊ တစ်ကယ်တော့ သူ့ရဲ့ ကျောကုန်းပေါ်မှာ လိပ်ခွံလို အသားပိုကြီးက ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ရတာပါ။ UK နိုင်ငံက ပံ့ပိုးမှုနဲ့ အဆိုပါ အသားပိုကြီးကို ခွဲစိတ်ခဲ့ပြီးပါပြီ။
 
 
၈။ An Qi
An Qi ဆိုတဲ့ ကလေးကတော့ မွေးကထဲက မျက်နှာပေါ်က အမှတ်ကြီးနဲ့ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ ကလေးငယ် ကြီးပြင်းလာတာနဲ့အမျှ အမှတ်မှာ အမွှေးရှည်ကြီးတွေ ဖုံးလွှမ်းလာပါတယ်။
 
 
၉။ Mneneon's map arm
ထူထူးခြားခြား လက်တစ်ဖက်မှာ မြေပုံသဏ္ဍန်အမှတ်အသား ရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။
 
 
၁၀။ George Ashman
မွေးရာပါ အမှတ်သားကြီးက နဖူးအလယ်မှာ ပါခဲ့တဲ့ ကလေးငယ်ပါ၊ အဲဒီအတွက် အနိုင်ကျင့်တာကိုလည်း ခံခဲ့ရတဲ့အတွက် မိဘတွေက စိုးရိမ်ခဲ့ကြပါတယ်။ 
 
 
အဲသည်နောက် ဆရာဝန်တွေက အမှတ်ကို ဖယ်ရှားဖို့အတွက် အရေပြားတွေ ဆန့်ထွက်လာစေရန် သူ့ရဲ့ နဖူးထဲကို ဂျိုပုံသဏ္ဍန် တစ်ရှုးအစားထိုးပေးခဲ့ပါတယ်။ ခွဲစိတ်ကုသအပြီးမှာတော့။
 
 
၁၀။ Poppy Rae
ချစ်စရာကလေးငယ်လေးရဲ့ နဖူးမှာ အသဲပုံသဏ္ဍန်လေးက ထူးထူးခြားခြား ပုံပေါ်နေပါတယ်။ သူရဲ့ မိဘနှစ်ပါက သူတို့တွေ ချစ်သူများနေ့မှာ သန္ဂေသားရအောင် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
 
  

07 Oct 2016     1,876 Views




RELATED

Most Popular of Special or Others

Most Popular of NEWS