BEC-TERO TV

ရောင်းစားခံထားရသည့် ကလေးများပါဝင်သော လူကုန်ကူးမှုကို ထိုင်းငါးဖမ်းလှေမှ ကယ်တင်

13 Oct 2016     1,238 Views


ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပရကျွတ်မြို့နယ်ရှိ ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံထားရသော ကလေး ၅ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေး အကူအညီပေးနေသည့် Myanmar Association in Thailand (MAT)အဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ၁၇ ဦးကို မောလမြိုင်မြို့တွင် အလုပ်ရမည်ဟု ပွဲစားတစ်ဦးမှ လိမ်လည်ခေါ်ဆောင်လာပြီး ထိုင်းနိုင်ငံဖက်သို့ ရောင်းစားခဲ့ခြင်းဖြစ်သည်။ ထိုင်းငါးဖမ်’စက်လှေပေါ်တွင် ၃ လခန့် အလုပ်ခိုင်းစေခ့ခဲ့ရပြီး ယင်းတို့ထဲမှ တစ်ဦးဖြစ်သူက လူမှုကွန်ယက်တွင် အဖွဲ့အစည်းအချို့နှင့် ချိပ်ဆက်ခဲ့မိသဖြင့် ယခုလို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ 
 
“လှေကထွက်ခါနီးနေပြီဗျ။ ကျွန်တော်တို့အဖွဲ့တွေ လက်ဦးမှု ရလိုက်လို့ ငါးဖမ်းလှေပေါ်မှာ ရောင်းစားခံရတဲ့ လူတွေကို ကယ်တင်နိုင်ခဲ့ပါတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး အကူအညီပေးနေသည့် Myanmar Association in Thailand (MAT)အဖွဲ့မှ ကိုအောင်မြတ်သူက ပြောသည်။
 
ကျွန်တော်တို့တစ်တွေ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိဘူးဖြစ်နေတယ်။ ငါးဖမ်းစက်လှေ တစ်ခါထွက်ရင် တစ်ဆယ့်ငါးရက်လောက်ကြာပါတယ်။ တစ်လကိုနှစ်ကြိမ်ထွက်ရပါတယ်။ နားရက်မရှိပါဘူး။” ဟု ရောင်းစားခံရသည့် အထဲတွင်ပါဝင်သူ ကိုနေမျိုး ကပြောသည်။
 
 
အဆိုပါကယ်တင်မှုကို ဘန်ကောက်မြို့နှင့် ကီလီမီတာ ၃၃၀ ကျော်ဝေးသည့် ပရကျွတ်မြို့နယ်တွင် MAT အဖွဲ့နှင့် ထိုင်းလူကုန်ကူးမှုတိုင်ဖျက်ရေး ရဲအဖွဲ့အကူအညီနှင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ အမှုကို လူကုန်ကူးမှုမြောက်၊ မမြောက် ထိုင်းအစိုးရနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး အကူအညီပေးနေသည့် Myanmar Association in Thailand (MAT)အဖွဲ့တို့က စစ်ဆေးနေပြီး ရောင်းစားခံ မြန်မာ(၁၇)ဦးထဲတွင် အသက်မပြည့်သေးသည့် ကလေး(၅)ဦးလည်း ပါဝင်နေကြောင်း သိရသည်။
 
Ref:မြစ်မခမီဒီယာ
 

13 Oct 2016     1,238 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS