BEC-TERO TV

မြန်မာလို ဝတ်ပြီး စာသင်မယ့် အမေရိကန် ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်းတွေ

13 Oct 2016     1,251 Views


-အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်း စေတနာ့ဝန်ထမ်း အဖွဲ့ (Peace Corps) ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနဲ့ ပူးပေါင်းပြီး အင်္ဂလိပ်စာ အပါအ၀င် ပညာရေး သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းနဲ့ ဆရာ ဆရာမတွေကို စွမ်းရည်မြှင့်တင်ပေးလျက် ရှိပါတယ်။

-ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်း အဖွဲ့ အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ် ၆ ခုမှာ ပညာရေး အားပေးမြှင့်တင်မှု များ လုပ်ဆောင်ပေးနေကြောင်း၊ အဲဒီ မြို့နယ်တွေက ပညာရေး ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရွေးချယ်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

-၂၀၁၄ ခုနှစ်၊ နိုဝင်ဘာက အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံမှာ Peace Corps အစီအစဉ် ဖွင့်လှစ်ဖို့ ၂၀၁၅ နှစ်မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပေမယ့် တကယ်တမ်း အစီအစဉ် စတင်နိုင် ခဲ့တာက ၂၀၁၆ ခုနှစ်ကျမှ ဖြစ်ပါတယ်။

“အခြေခံပညာ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရေးတာဝန်ကို ထမ်းဆောင်တဲ့အခါ Peace Corps စေတနာ့ဝန်ထမ်းများဟာ မြန်မာဆရာ ဆရာမတွေ ဝတ်ဆင်တဲ့ ကျောင်းဝတ်စုံကို ဝတ်ဆင်ပြီး တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်”လို့ Peace Corps ရဲ့ ဖေ့ဘွတ်စာမျက်နှာက ဆိုပါတယ်။ ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်း အဖွဲ့ဟာ ပညာရေး၊ ကျန်းမာရေး၊ ဒေသခံများ စီးပွားလူမှု ဖွံ့ဖြိုးရေး၊ သဘာဝ ပတ်ဝန်းကျင်ရေး၊ လူငယ့်ရေးရာ ဖွံ့ဖြိုးရေးနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍစုံမှာ အားပေးမြှင့်တင်ပေးနေတဲ့ အဖွဲ့ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့ ပညာရေး ကောင်းမွန်ပြည့်စုံဖို့ ဦးစားပေး ရွေးချယ် လုပ်ဆောင်နေတာပါ။ အဆိုပါ ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်း အဖွဲ့ကို ၁၉၆၁ ခုနှစ်က ထူထောင်ခဲ့တာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှာ အမေရိကန်အစိုးရရဲ့ အထောက်အပံ့နဲ့ ကူညီနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

Soure : theirrawaddyburmese


13 Oct 2016     1,251 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS