BEC-TERO TV

သွားတွေဖြူဝင်းနေစေဖို့ ရှောင်သင့်တဲ့ အစားအသောက် (၈) မျိုး

14 Oct 2016     1,838 Views


သွားတွေဖြူစင်ခြင်း မရှိတော့တာဟာ လူတိုင်းရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ သွားကျန်းမာရေး ကောင်မွန်စေဖို့၊ အလှမပျက်ပဲ ဖြူစင်တွေသွားတွေပိုင်ဆိုင်ဖို့ ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းပါတယ်။ သွားတွေဖြူဝင်းလှပစေဖို့ ဒီအစားအသောက် (၈) မျိုးကို ရှောင်သင့်ပါတယ်။
 
၁။ ခရမ်းချဉ်သီးဆော့စ် အက်ဆစ်ဓာတ်နဲ့ ဆိုးဆေးများများပါလို့ ရှောင်သင့်ပါတယ်။
 
၂။ ဝိုင်ဖြူ ဝိုင်ဖြူက ပိုပြီးတော့ အက်ဆစ်ဓာတ်များပါတယ်။ သောက်မယ်ဆိုရင် ဝိုင်နီက အပိုအဆင်ပြေလောက်ပါတယ်။
 
၃။ ရှာလကာရည်နဲ့ ပဲငံပြာရည် ဒီအစားအသောက်နှစ်မျိုးက ဖြူဝင်းတဲ့ သွားတွေအတွက် ရန်သူဖြစ်ပါတယ်။
 
၄။ အိန္ဒိယ အစားအစာ ဒံပေါက်၊ ကြက်သားမဆလာ စတဲ့ အစားအသောက်တွေဟာ အာဟာရအတွက် ကောင်းချင်ကောင်းနိုင်မှာ ဖြစ်ပေမယ့် သွားကျန်းမာရေးအတွက် မကောင်းပါဘူး။ ဖြူဝင်းတဲ့သွားတွေကို ဖျက်စီးစေသူတွေပါ။
 
၅။ လဘက်ရည်၊ ကော်ဖီ လဘက်ရည်နဲ့ ကော်ဖီတွေက သွားကို အရောင်ညစ်ညမ်းစေတာ အတော်များများ သိကြမှာ ဖြစ်ပါတယ်။

၆။ ရေခဲချောင်း ရေခဲချောင်းတိုင်းအလိုလို အရောင်ဆိုးဆေး ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒီဆိုးဆေးတွေက သင့်ရဲ့သွားတွေကို အန္တရာယ်ဖြစ်စေမှာပါ။
 
၇။ သခွားသီး(ဖျော်ရည်) သခွားသီးကတော့ လုံးဝရှောင်ဖို့ခက်ပါတယ်။ စားနေကျ အစားအစာတွေထဲမှာ သခွားသီး အမြဲပါလေ့ရှိလို့ပါ။
 
၈။ ကိုလာ ကိုလာဖျော်ရည်တွေဟာ အက်ဆစ်ဓာတ်များလှပါတယ်။ သွားအတွက်သာမက ခန္ဓာကိုယ်အတွက်လည်း မကောင်းပါဘူး။

 


14 Oct 2016     1,838 Views




RELATED

Most Popular of Special or Others

Most Popular of Life Style