BEC-TERO TV

အငှားယာဉ်မောင်း လည်ပင်းညှစ်ပြီး ယာဉ်လုယက်မှု ဒဂုံမြို့သစ်တွင် ဖြစ်ပွား

17 Oct 2016     1,245 Views


အောက်တိုဘာလ ၁၃ ရက်နေ့ည ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးသောင်းထိုက် မောင်းနှင်လာသည့် AA----TOYOTA Fielder အမျိုးအစားအငှားယာဉ်ကို အောင်မင်္ဂလာအဝေးပြေးဝင်း၌ အမျိုးသား ၂ ဦးမှ ဒဂုံမြို့သစ်(အရှေ့) မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ 
ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ဗိုလ်မှူးဗထူးလမ်း မီးပွိုင့်အရောက်တွင် ခရီးသည် ၁ ဦးမှ ၎င်း၏လည်ပင်းအားညှစ်ကာ ယာဉ်ကိုရပ်တန့်ခိုင်းပြီး ကျန် ၁ ဦးမှ ယာဉ်၏သော့အား လုယူသဖြင့် ရုန်းကန် ထွက်ပြေးကာ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းသဖြင့် အနီးနားရှိလူများ အကူအညီနှင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
 
 
စစ်ဆေးချက်မေးမြန်ချက်အရ တရားခံများမှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ ကိုထက်(ခ)သီဟမင်းထက် (၂၁)နှစ် နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ငမဲ(ခ)ဇွဲညီညီစိုး (၁၉)နှစ် တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အား ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်း(ပ)၁၂၁၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကာ အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Credit:ရန်ကုန်တိုင်းရဲတပ်ဖွဲ့

17 Oct 2016     1,245 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS