ကျိုက်္ခမီရေလည်ဘုရား ဘုရားဖူးယာဉ် တိမ်းမှောက်
17 Oct 2016 1,342 Views

အောက်တိုဘာလ ၁၇ ရက်နေ့၊ မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်၌ ဘုရားဖူးယာဉ်တစ်စီး တိမ်မှောက်ခဲ့ပြီး ခရီးသည် ၁ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။
ယာဉ်မောင်း ဦးမြင့်ဦး အသက် ၆၀ နှစ် မောင်းနှင်လာသော တိုယိုတာတောင်းအေ့စ် အဖြူရောင်သည် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမှ မွန်ပြည်နယ် ကျိုက်္ခမီရေလည်ဘုရားသို့ သွားရာတွင် ပေါင်မြို့နယ် မုကျိကျေးရွာအနီး၌ ဘယ်ဘက်ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်ပါလာသူ ၁၇ ဦးအနက် အသက် ၅၀ နှစ်အရွယ် ဦးဌေးအောင်အား ဆေးရုံသို့ပို့စဉ် သေဆုံးသွားခဲ့ပြီး ကျန် ၁၆ ဦးကို ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ပြီး ဒဏ်ရာများ ကုသခံယူလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်မှောက်မှုအတွက် ယာဉ်မောင်းဖြစ်သူ ဦးမြင့်ဦးအား ပေါင်မြို့မရဲစခန်းမှ ယာဉ် (ပ) ၆၅ /၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Ref:မြစ်မခမီဒီယာ