BEC-TERO TV

သီတင်းကျွတ်ကန်တော့ရန် သွားရာမှ လှေမှောက်သေဆုံး

18 Oct 2016     1,237 Views


အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာအနီးရှိ ရေသိုးဆည်တွင် လှေ ၁ စီး တိမ်းမှောက်သွားခဲ့ရာမှ လူ ၃ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ  ကြွယ်ဂံကျေးရွာတွင် နေထိုင်ကြသော ကိုစိုးလင်း ၂၈ နှစ် (ဘ)ဦးလှသန်း၊ ဇနီးဖြစ်သူ မဝင်းသီတာ ၃၂ နှစ် (ဘ)ဦးကျော်သိန်း၊ သားဖြစ်သူ မောင်တုတ်ကြီး ၃ နှစ်တို့ပါဝင်သော မိသားစု ၃ ဦးသည် ခပေါင်းဆည် ရေလယ်ကျွန်းတွင် နေထိုင်သော ဦးလေးဖြစ်သူအား သွားရောက် ကန်တော့ရန်အတွက် လက်ပံခုံကျေးရွာနေ မဇာခြည် ၁၆ နှစ် (ဘ)ဦးအောင်ခင်မှ လှေဖြင့် လိုက်လံပို့ဆောင်စဉ် လှေပေါ်တွင်ပါလာသော ကေလေးငယ် မောင်တုတ်ကြီးသည် ကြာပန်းကို လှမ်းခူးလိုက်ရာမှ လှေမှာ တိမ်းမှောက်ခဲ့ပြီး မဇာခြည်မှာ ရေကူး၍ ကမ်းစပ်သို့ ရောက်ရှိလာခဲ့သော်လည်း ကျန် ၃ ဦးမှာ နစ်မြုပ်ပျောက်ဆုံနေခဲ့သည်။ 
ရပ်ကွပ်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရေငုပ်ကျွမ်းကျင်သူများ ပူးပေါင်းရှာဖွေရာ ညနေ ၄ နာရီ ၃၀ မီနစ်ခန့်မှာ ပျောက်ဆုံးနေသော အလောင်း ၃ လောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ 
 
Credit:Than Htay
 

18 Oct 2016     1,237 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS