BEC-TERO TV

စိတ်ဆိုးနေလို့ဖြေလိုက်တဲ့ အချစ်ရေးက အခုတော့အဆင်ပြေသွားပါပြီလို့ပြောလာပြန်တဲ့ သဉ္ဖာနွယ်ဝင်း

19 Oct 2016     1,227 Views


ရှေ့အပတ်က သရုပ်ဆောင်မော်ဒယ် သဉ္ဖာနွယ်ဝင်းတစ်ယောက် သူမရဲ့ အချစ်ရေးကို ဖွင့်ပြောခဲ့ပါတယ် ။ အလုပ်တွေပဲ ကြိုးစား လုပ်ကိုင်တော့မယ်ဆိုတဲ့ သတင်းဟာလဲ တော်တော်လေးကို ပျံ့နှံ့ခဲ့ပါတယ်။

ခုနောက်ပိုင်းမှာတော့ အချစ်ရေးကို မဖြေချင်တော့ဘူးလို့ လဲ ပြောထားပါတယ်။ “ အရင်တုန်းက သဉ္ဖာဖြေလိုက်ပါတယ်။ ဒါပေမဲ့ အခုထပ်မဖြေချင်တော့ဘူးဆိုတာက ဖြေလိုက်တာတစ်ခုက အကြီးကြီးတွေဖြစ်ဖြစ်သွားတော့ မဖြေချင်တော့လို့ပါ။ ပြီးတော့လဲ အရမ်းလဲ အပြောခံနေရလို့ပါ။ အဲ့ဒီတုန်းကတော့ စိတ်ဆိုးနေတာကြောင့်ဖြေလိုက်တာပေါ့။ အခုကတော့ အဆင်ပြေသွားပါပြီ” ။ လို့ ပြောထားပါတယ်။

ဖေစ့်ဘွတ်ဆိုတာ များသောအားဖြင့် လူတွေစုတဲ့နေရာလိုမျိုးဖြစ်နေတာပေါ့။ ပြောရမယ်ဆိုရင် အနုပညာသမားတိုင်းက ဝေဖန်တာရော၊ အားပေးတာရောကို ခံနိုင်ရမယ်။ အဲ့ဒီအတွက် အရမ်းကြီးတော့ စိတ်ဆိုးတာ၊ စိတ်တိုတာတော့မဖြစ်ပါဘူး။ ဝေဖန်တယ်ဆိုတာကလဲ အကြောင်းရှိလို့ပဲဝေဖန်တာဆိုတော့ အဓိကကတော့ ဟုတ်မဟုတ်ဆိုတာကို အချိန်ကာလ အပိုင်းအခြားတစ်ခုပေါ်မူတည်ပြီးတော့ သူတို့ဆုံးဖြတ်သွားမှာပါလို့ ပြောထားပါတယ်။

Credit:Trend


19 Oct 2016     1,227 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment