BEC-TERO TV

Billboard ရဲ့ အအောင်မြင်ဆုံး ဆုရသွားတဲ့ Madonna

20 Oct 2016     1,262 Views


ပေါ့ပ်ဘုရင်မ Madonna ဟာ Billboard ၏ ၂၀၁၆ အတွက် တစ်နှစ်တာ အ အောင်မြင်ဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။ နယူးယောက်စီးတီးမြို့တွင် ဒီ ဇင်ဘာ ၉ ရက်၌ ကျင်းပမည့် ၁၁ နှစ်မြောက် Billboard Women in Music အခမ်းအနားတွင် ဆု လက်ခံရယူမှာလဲ ဖြစ်ပါတယ်။

Madonna ၏ ဖန်တီးနိုင်မှု အမြင်၊ တီထွင်ဆန်းသစ်မှုများနှင့် ပရဟိတလုပ်ဆောင်မှုများ ကြောင့် ကမ္ဘာတစ်ဝန်း လူသန်း ပေါင်းများစွာကို အားကျအတုယူ စေခဲ့ကြောင်း Billboard မီဒီယာ အုပ်စု၏ ကြေညာချက်တစ်ရပ် တွင် ဖော်ပြထားပါတယ်။ 

(၅၈) နှစ် အရွယ် Madonna ဟာ ယခုနှစ်၏ အချိန်အများစုကို ဖျော်ဖြေရေး ခရီးစဉ်အတွက် အ သုံးပြုခဲ့ပြီး လက်မှတ်ပေါင်းတစ် သန်းကျော် ရောင်းချခဲ့ရကာ ၀င် ငွေကန်ဒေါ်လာ ၁၇၀ သန်း ရရှိခဲ့ သည်။

တစ်ကိုယ် တော်ဖျော်ဖြေပွဲမှ ၀င်ငွေအများ ဆုံးရရှိသော အဆိုတော်ဖြစ်လာ ပြီး ဖျော်ဖြေပွဲများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံအထိ ၀င် ငွေရရှိခဲ့သည်။ထာဝရ ရောင်းအားအကောင်းဆုံး အမျိုး သမီးအနုပညာရှင်ဖြစ်ပြီး နံပါတ် တစ် တေးအယ်လ်ဘမ် ရှစ်ခုအ ထိရှိကြောင်းသိရပါတယ်။

Credit:popular 


20 Oct 2016     1,262 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment