အမြင့်ပေ ၁၂၉ တိုက်ခေါင်မိုးပေါ်ကနေ ခြေလွတ်လက်လွတ် ခုန်ဆင်းပြခဲ့သူ
20 Oct 2016 1,732 Views
သာမန်လူများ မလုပ်ရဲတဲ့ ရူးကြောင်ကြောင်စွန့်စားခန်းတွေကို တစ်ကိုယ်တော်ပြုလုပ်ပြီး ဗီဒီယိုကို YouTube ပေါ်တင်ကာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ “8Booth” လို့ အမည်ခံထားတဲ့ လူငယ်တစ်ယောက်၊ အမြင့်ပေ ၁၂၉ ပေ ရှိတဲ့ တိုက်ခေါင်မိုးတစ်ခုပေါ်ကနေ မည်သည့်အသက်ကယ်ကရိယာမျှမပါပဲ ဆိုက်ကပ်ထားသော ဘုတ်သင်္ဘောတွေကြားထဲကို ဒိုင်ပင်ခုန်ဆင်းပြသွားခဲ့ပါတယ်။
GoPro Camera နှစ်လုံး၊ တစ်လုံးကို သူ့ရဲ့လက်မှာ ချည်ထားပြီး၊ တစ်လုံးကိုတော့ ပါးစပ်မှာ ကိုက်ရင်း ခုန်ဆင်းပြသွားခဲ့ပါတယ်။ အဆိုပါဗီဒီယိုကို ကြည့်ရှုသူတိုင်း အသဲတစ်ယားယား ဖြစ်ခဲ့ကြပြီး ၅ ရက်အတွင်း ကြည့်ရှုသူအရေအတွက် ၄ သန်းနီးပါးရှိနေပါတယ်။








