ဖမ်းဆီးချုပ်နှောင်ရန်စေခိုင်းမှုဖြင့် အမှုဖွင့် ခံထားရတယ်လို့ သတင်းထွက်လာတဲ့ သရုပ်ဆောင်
21 Oct 2016 1,363 Views

သရုပ်ဆောင်လွင်မိုး နဲ့ အပေါင်းအပါ နှစ်ဦးကို လူသုံးဦးအား ဖမ်းဆီးချုပ်နှောင်ရန်ခိုင်းစေမှုဖြင့် အောက်တိုဘာလ 14 ရက်တွင် အမှုဖွင့် ထားပါတယ် လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ် တရားရုံး မှာ အမှုစွဲဆို၍ အငြင်းပွားနေသော ကွင်း အမှတ် (၁၇၆ -က ) ဇရပ်ကွင်း ဦးပိုင် အမှတ် ( N / 363 ) ရှိ ခြံတွင် မန်နေဂျင်း ဒါရိုက်တာ ဦးစောနေဗလု ရဲ့ တာဝန်ပေးချက် ခြံစောင့် အလုပ်သမားများဖြစ်ကြတဲ့ နေမင်း ၊ အရှည်ကြီး ၊ ဦးကရင်တို့ကို အောက်တိုဘာ ၁၃ ရက်နေ့ ည ၁၀ လောက်က လက်နက်ကိုင်လူ တစုက လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါ တယ်။
ဖမ်းဆီးခေါ်ဆောင်ရန်အတွက် ခိုင်းစေသူမှာ သရုပ်ဆောင် လွင်မိုး ၊ ကင်မွန်းချောင်း ကျေးရွာ နေသူ ဦး ကျော်သူရလှိုင် နှင့် ဦးစိန်အောင်မင်း တို့ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ နောက်တနေ့ နံနက် 9 နာရီခန့်မှာ အဖမ်းခံ ရသူ ၃ဦးထဲ့ က တစ်ဥိး ရဲ့ အကြောင်းကြားချက် အရ ဘားအံမြို့တွင် ချုပ်နှောင်ထားကြောင်း ဦးစောနေဗလု ကိုယ်တိုင် ဘားအံတွင် လာရောက်ဖြေရှင်းမှသာ ပြန်လွှတ်ပေးမယ် ဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။
ထို့ကြောင့် ဦးစောနုဗလု က တရားလို ပြုလုပ်ပြီး ၄င်းရဲ့ အလုပ်သမား ၃ဦးကို ဖမ်းဆီးချုပ်နှောင်သူ လက်နက်ကိုင်တစုနဲ့ ခိုင်းစေသူ ၃ယောက်ကို အမှုဖွင့် ထားပြီး စုံစမ်း စစိဆေးမှုတွေ ထပ်မံ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ။
Credit: Myanmar update news agency