BEC-TERO TV

ဧရာဝတီတံတား သံပေါင်အပေါက်မှ လူတစ်ဦး ခြေချော်ကျမှုနှင့် ပက်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌါနမှ သတိပေးထားပြီ

25 Oct 2016     1,406 Views


အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်  အချိန်ခန့်က ဧရာဝတီတံတား(မကွေး) သံပေါင်ဘေးအပေါက်မှ လူတစ်ဦး ခြေကျော်ကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ခြေကျော်ကျခဲ့သူမှာ မကွေးတိုင်း၊ ပွင့်ဖြုမြို့နယ်၊ စေတဂူရွာသား ကိုရာဇာ (၂၁) နှစ်ကို မကွေးခရိုင် မီးသတ်ဦးစီးဌာနမှ ၎င်းနေ့နံနက် ၄ နာရီ မိနစ်တွင် ကယ်တင်ခဲ့ပြီး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မကွေးဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သတင်းရရှိသည်။
 
အဆိုပါ ဖြစ်စဉ်နှင့် ဆက်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌါနက လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် အောက်ပါအတိုင်း သတိပေးထားခဲ့ပါသည်။ 
 
 
“တံတားသံပေါင် တိုင်ပေါ်ရှိ အပေါက်များသည် တံတားသံပေါင်အောက်ပိုင်းအား စစ်ဆေးနိုင်ရန် ဝင်/ထွက် နိုင်ရန် ထားရှိသောအပေါက်များ ဖြစ်ပြီး တံတားကြီးများပေါ်တွင် ယာဉ်သွားလမ်းအတွင်း ယာဉ်နှင့် ဆိုင်ကယ်/စက်ဘီးများ သွားလာရန်ခွင့်ပြုထားသော်လည်း လူများအတွက် လူသွားလမ်းအတွင်းမှသာ ဖြတ်သန်းရန် ခွင့်ပြုထားပါသည်။
 
လူသွားလမ်းတွင်လည်း နားနေခြင်း၊ ရပ်နေခြင်း၊ စုဝေးဝိုင်းဖွဲ့နေထိုင်ခြင်း ခွင့်မပြုပါ။ ယာဉ်သွားလမ်းနှင့် လူသွားလမ်းကြားတွင် အပေါက်ရှိနေ၍ လူသွားလမ်းပေါ် သွားလာသောလူများ မတော်တဆပြုတ်ကျခြင်း မရှိရန်ရည်ရွယ်၍ ကျောက်ပြားများခင်းအုပ်ထားခြင်း ဖြစ်ပါသည်။ ယင်းကျောက်ပြားအဖုံးပေါ်သို့ လူများ သွားလာခြင်း၊ နားနေခြင်းများ ခွင့်မပြုပါ။ 
ယခုဖြစ်စဉ်တွင် ကိုရာဇာနှင့်အတူ အဖော်တစ်ဦးပါကြောင်း သိရှိရပြီး မိုးရွာ၍ ခေတ္တနားခိုစဉ် ခြေချော်ကျခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ လူသွားလမ်းအဖြစ် သတ်မှတ်သည့် လမ်းကြောင်းပေါ်တွင်သာ သွားလာကြရန်နှင့် သတိထား ဆင်ခြင်နိုင်ကြပါစေရန် အသိပေး အပ်ပါသည်။”
 

25 Oct 2016     1,406 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS