BEC-TERO TV

မလေးရှားမင်းသမီးနဲ့ ရု ပ် ရှ င် ရို က် ကူး မ ယ့် အောင်ရဲလင်း

25 Oct 2016     1,288 Views


အောင်ရဲလင်းရဲ့ ပထမဦးဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား 'ဘွန္တော ကြက်သူခိုး' ဟာသနဲ့ဒရာမာ ပေါင်း စပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရက်ပိုင်းအတွင်းမှာ ရုံ တင်ပြသသွားတော့မှာဖြစ်ပါတယ်။ အောင်ရဲလင်းကတော့ သူ့ကို ဒီလို မျိုးဇာတ်ကားတွေနဲ့ မလိုက်ဘူး လို့ ထင်ထားကြတဲ့အတွက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားထားခဲ့တယ် လို့ဆိုပါတယ်။ ဇာတ်လမ်းတွေကို ရွေးရိုက်နေတဲ့ အတွက် ဟာသဆိုလဲ ဟာသ သက်သက်မဟုတ်ပဲ ဇာတ်လမ်း ရှိတဲ့ ဇာတ်ကား ၊ ဒရာမာ ဆိုရင်လဲ ဇာတ်လမ်းရှိတဲ့ ဒရမ်မာ ဘယ်အရာမဆို ဇာတ်လမ်းကောင်းရင် ရိုက်ကူး သွားပါမယ်လို့ ပြောထားပါတယ်။

နိုဝင်ဘာလအတွင်းမှာပဲ မလေး ရှားနိုင်ငံကို သွားဖို့ရှိနေပြီး မလေး ရှား နိုင်ငံကိုသွားဖြစ်မှာ ကတော့ မလေး ရှားနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကား ရိုက် ကူးသွားမှာဖြစ်ပါတယ်။ "ဒါရိုက်တာကတော့ မလေး ရှား က ဒါရိုက်တာပါပဲ။

မင်းသမီး ကလည်း မလေးရှားမင်းသမီး ပါပဲ။ဇာတ်လမ်းပုံစံကိုတော့ သေချာမှ ပဲ ပြောပြပါမယ်။ ရိုက်ကူးဖြစ်တာက တော့ သေချာပေမယ့် ကျွန်တော် အဲ့ဒီကို သွားစရာကလည်း ရှိသေး တယ်။ စာချုပ်တွေဘာတွေ ချုပ်ဖို့ ကိစ္စတွေကလည်း ရှိနေပါသေးတယ်။ အဲ့ဒီအတွက် အခုညှိနေပါတယ်" လို့ ပြောပြသွား ခဲ့ပါ တယ်။

Credit:popular


25 Oct 2016     1,288 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment