BEC-TERO TV

ရေကြိုက်တဲ့ ပူစီကြောင်

25 Oct 2016     1,317 Views


ကြောင်တွေကို ရေအလွန်ကြောက်တဲ့ သတ္တဝါတွေအဖြစ်နဲ့ သိကြမှာပါ။ ဒါပေမဲ့ ကြောင်တိုင်းတော့မဟုတ်ပါဘူး။ ရေကိုအရမ်းကြိုက်တဲ့ ကြောင်လေးတစ်ကောင်ရှိပါသေးတယ်။ Jukin Media က တင်ဆက်တဲ့ သတင်းတစ်ပုဒ်ထဲက မီးခိုးရောင်ကြောင်လေးဟာ အံ့သြဖို့ကောင်းလောက်အောင်ပဲ ရေကိုကြိုက်ပါတယ်။

ဘေစင်ပေါ်မှာ ကျကျနနထိုင်ပြီး ချစ်စရာကောင်းအောင် ပိုက်ခေါင်းက ရေကို သဘောတကျ ခေါင်းထိုးခံခဲ့တာကို ဗီဒီယိုနဲ့တကွ တင်ဆက်ထားတာပါ။ ပိုက်ခေါင်းကရေကို လက်ကလေးနဲ့လည်းခံပြီး ရေကို လျှာနဲ့လျက်လိုက်ပါသေးတယ်။ ဒီဗီဒီယိုထဲက ကြောင်လေးဟာ ချစ်စရာလည်းကောင်းတာမို့ လူတွေက သဘောကျပြီး အွန်လိုင်းမှာ ပြန်ဖြန့်နေကြပါတယ်။

Soure : duwun


25 Oct 2016     1,317 Views




RELATED

Most Popular of Special or Others

Most Popular of NEWS