BEC-TERO TV

လူ ၄ ဦး အသက်ဆုံးခဲ့ရသည့် သြစတြေးလျ အပန်းဖြေကစားကွင်း မတော်တဆမှု

25 Oct 2016     1,303 Views


အောက်တိုဘာလ ၂၅ ရက်နေ့ က သြစတြေးလျနိုင်ငံ ကွင်းစလန်မှာရှိတဲ့ “အိမ်မက်ကမ္ဘာ” အပန်းဖြေကစားကွင်းကြီးအတွင်း မတော်တဆမှုကြောင့် လူ ၄ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ရဲဌါနက အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
ဂိုးလ်ကို့စ်တ်မြို့မှာရှိတဲ့ “အိမ်မက်ကမ္ဘာ” ကစားကွင်းအတွင်း အပျော်စီးစရာ အမျိုးအစား ၄၀ ထဲမှ တစ်ခုဖြစ်သည့် “Thunder River Rapids ride” သည် မြစ်ကြောင်းအတွင်း လှည့်လည်သွားသည့် သစ်သားစည်ပုံသဏ္ဍန်ဖြစ်ပြီး လှေပေါ်တွင်  လူ ၆ ဦး မျက်နှာခြင်းဆိုင် ခါးပတ်များကို ပတ်ထားပြီး ထိုင်စီးရခြင်းဖြစ်သည်။ အဆိုပါလှေ ပက်လက်လန် မှောက်သွားခဲ့ပြီး ခါးပတ်ဖြုတ်မရခဲ့သည့်အတွက် စီးနင်းသူ ၄ ဦး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
 
မျက်မြင်သက်သေတစ်ဦးက လှေပြောင်းပြန်လန်သွားတဲ့အချိန်တွင် အားလုံးက ကြောက်လန့်တကြား အော်ဟစ်ခဲ့ကြကြောင်း ပြောပြသည်။ အဆိုပါဖြစ်စဉ်အတွက် ဂိုးလ်ကို့စ်တ်မြို့တော်ဝန်က သူတို့မြို့အတွက် စိတ်မကောင်းစရာ နေ့တစ်နေ့ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အိမ်မက်ကမ္ဘာမှ တာဝန်ရှိသူများက သေးဆုံးသွားခဲ့သည့် မိသားစုဝင်များကို ဖေးမနှစ်သိမ့်လျက်ရှိပြီး ဖြစ်စဉ်နှင့် ပက်သက်ပြီး လူထုကို ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
 
Ref:CNA
 

25 Oct 2016     1,303 Views




RELATED

Most Popular of International News

Most Popular of NEWS