BEC-TERO TV

သားဦးလေး မွေးဖွား ခဲ့တဲ့ Bae Yong Joon ရဲ့ ဇနီး Park Soo Jin

25 Oct 2016     1,247 Views


တောင်ကိုရီးယား Bae Yong Joon ဇနီးဖြစ်သူ Park Soo Jin သည် အောက်တိုဘာ ၂၃ ရက်က ဂမ်းနမ်းဒေသရှိ ဆေးရုံတစ်ရုံတွင် သားဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Bae Yong Joon နှင့် Park Soo Jin တို့ ဇနီးမောင်နှံသည် သားဦးလေးကို ကြိုဆိုခဲ့ကြကြောင်း နှင့် ကလေးရော မိခင်ပါ ကျန်းမာကြကြောင်း သတင်းအရင်းမြစ်တစ်ခုက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားသည်။

Bae Yong Joon နှင့် မင်းသမီး Park Soo Jin တို့သည် ၂၀၁၅ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြပြီး ဧပြီလတွင် ကလေးယူရန် မျှော်မှန်းထားကြောင်း ကြေညာခဲ့သည်။

အသက် ၄၄ နှစ် အရွယ်ရှိ Bae Yong Joon သည် ၂၀၀၂ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော “Winter Sonata” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မှုဖြင့် အအောင်မြင်ဆုံး ကိုရီးယား အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီး အထူးသဖြင့် ဂျပန်နိုင်ငံတွင် အောင်မြင်မှုများ ပိုမိုရရှိခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ Park သည် ၂၀၀၂ ခုနှစ်က အမျိုးသမီး အဆိုတော်အဖွဲ့Sugar အဖွဲ့ဝင်တစ်ဦးအဖြစ် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အဖွဲ့ဖျက်သိမ်းခဲ့ပြီးနောက် Park သည် သရုပ်ဆောင်အလုပ်ကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

Credit:Mizzima 


25 Oct 2016     1,247 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment