BEC-TERO TV

နတ်ရွာစံထိုင်းဘုရင်ကြီးကို ဟောလိဝုဒ်မင်းသား စတီဗင်ဆီးဂဲလ် လာရောက်ဂါရဝပြု

26 Oct 2016     1,614 Views


-နာမည်ကျော် ဟောလိဝုဒ်စတား ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ စတီဗင်ဆီးဂဲလ်ဟာ နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ လာရောက် ဂါရဝပြုခဲ့ပါတယ်။ သူ့အနေနဲ့ ထိုင်းနိုင်ငံနဲ့ လူမျိုးတွေ အကျိုးကို များစွာဆောင်ရွက်ပေးခဲ့တဲ့ ဘုရင်ကြီး နတ်ရွာစံရခြင်းအပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်မိတယ်လို့ ပြောလိုက်တာပါ။

-အက်ရှင်စတားတယောက်ဖြစ်တဲ့ မင်းသား စတီဗင်ဆီးဂဲလ်ဟာ ထိုင်းနိုင်ငံကို အကြိမ်ပေါင်း များစွာ လာရောက်ခဲ့ဖူးပြီး ခုရောက်ရှိနေတာကတော့ လာမယ့်နှစ်မှာ ထိုင်း လက်ဝှေ့နဲ့ အကအလှတွေ၊ ယဉ်ကျေးမှုတွေ ပါဝင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ရောက်ရှိလာခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာနဲ့ တွေ့ဆုံပြီး ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်မယ့် ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာပါ။

credit : burmese.dvb.no/

ဓာတ်ပုံ – ThaiPBS


26 Oct 2016     1,614 Views




RELATED

Most Popular of Special or Others

Most Popular of NEWS