BEC-TERO TV

အသနားခံစာ တင်ပြမှုကြောင့် ရိုးရိုးလေး ဟိုတယ်ကို ခရီးသွားရာသီ ခြောက်လ ဖွင့်လှစ်ခွင့်ပြု

26 Oct 2016     1,330 Views


ကျိုက်ထီးရိုးတွင် ဖွင့်လှစ်ထားသည့် ရိုးရိုးလေးဟိုတယ်ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်း ထားသော်လည်း ယင်းကုမ္ပဏီက အသနားခံစာတင်ပြ ညှိနှိုင်းချက်အရ ယခုလမှ ခြောက်လအတွင်း ဟိုတယ် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြု ထားကြောင်းသတင်းရရှိသည်။
 
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုမရှိသဖြင့် အဆိုပါဟိုတယ်ကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းထားသော်လည်း ကြို တင်ရောင်းချပြီးဖြစ်သော ဟို တယ်အခန်းများအတွက် တင်ပြလာမှုကြောင့် အထက်ပါအတိုင်း ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနှင့်သတင်း ပြန်ကြား ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦး မြင့်ထွေးကပြောသည်။
 
"ရောင်းချပြီး ခရီးစဉ်တွေ အတွက် ဒီရာသီကာလမှာတော့ သူ့တို့ကို သက်ညှာစွာကြည့်ရှုပေးဖို့ ဝန်ကြီးဌာနကို လာရောက်အသနားခံ ညှိနှိုင်းတာပေါ့။ ဒါကြောင့် ဝန်ကြီးဌာနကနေမှ ခရီးသွားရာသီကာလ ခြောက်လကို ရုပ် သိမ်းပြီးသားတွေမှာ အခန်းငှား ရမ်းခွင့်ပြုပေးထားတယ်။ အောက် တိုဘာကနေစတွက်ရင် ခြောက်လပေါ့။ လိုင်စင်ကတော့ ရုပ်သိမ်းထားပါတယ်" ဟု ဦးမြင့်ထွေး ကပြောကြားသည်။
 
ရိုးရိုးလေး ဟိုတယ်သည် မူလအဆောင်ကို ပြင်ဆင်ခြင်း၊ အဆောင်နှစ်ဆောင် ထပ်မံတိုးချဲ့ ဆောက်လုပ်ပြီး လိုင်စင်တွင် ခွင့် ပြုထားသော အိပ်ခန်းများထက် ၁၀၆ ခန်း ပိုမိုဖွင့်လှစ်ခဲ့ခြင်းတို့အပြင် သတ်မှတ်အဆောက်အအုံ ထက် ပိုမိုဆောက်လုပ်ခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားသည့် ရိုးရိုးလေးဟိုတယ် အခန်း ၁၀၆ ခန်းကို တစ်လအ တွင်း ဖျက်သိမ်းရန် အစိုးရက ညွှန်ကြားသော်လည်း လုပ်ငန်း ရှင်က မလိုက်နာသဖြင့် ပြီးခဲ့ သည့် သြဂုတ်အတွင်းက လုပ်ငန်း လိုင်စင် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
 
Credit:7daydaily

26 Oct 2016     1,330 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS