BEC-TERO TV

စာအုပ်ထုတ်လိုက်တဲ့ ဘုဏ်းသိုက်

26 Oct 2016     1,675 Views


သရုပ်ဆောင်၊ မော်ဒယ်၊ ဒါရိုက်တာ ဘုဏ်းသိုက်ကတော့ "လူငယ်နှင့်အိမ်မက်နိုင်ငံတော်"ဆိုတဲ့ စာအုပ်ကို လွန်ခဲ့တဲ့ ရက်ပိုင်းက ထုတ်လိုက်ပါတယ်။ နယ်ပယ်စုံမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ သူက စာရေးဆရာတစ်ယောက်ရဲ့ ဘဝကိုလည်း ကြိုက်တယ်လို့ သူက ဆိုပါတယ်။

အဲဒီစာအုပ်ထဲမှာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတဲ့ စာသားတွေကို တစ်စုတစ်စည်းနဲ့ ပရိသတ်တွေ ဖတ်နိုင်အောင် စာအုပ်ထုတ်လိုက်တာ ဖြစ်ပြီး အသက်ကြီးတော့မှ စာရေးဆရာဘဝနဲ့ နေသွားချင်တဲ့ ရည်ရွယ်ချက်က အဲဒီအရွယ်အထိ မစောင့်နိုင်တော့ဘဲ အခုချိန်မှာ စာအုပ်ထုတ်ဖြစ်သွားတယ်လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ အောင်မြင်ချင်တဲ့ ရုပ်ရှင်ဘက်တွင် လုပ်ခွင့်မရသေးတဲ့ အချိန်တစ်ခုမှာ ဒီအတိုင်းမနေချင်တာကြောင့် အခုလို စာအုပ်လေးထုတ်ဖြစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Credit:Duwun 


26 Oct 2016     1,675 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment