BEC-TERO TV

လှုဒါန်းမှုအရက်ရောဆုံးနိုင်ငံများ နံပါတ် ၁ နေရာတွင် မြန်မာနိုင်ငံ ၃ နှစ်ဆက်တိုက် ရပ်တည်လျှက်ရှိ

26 Oct 2016     1,265 Views


ကမ္ဘာမှာ အလှူဒါန အရက်ရောဆုံး နိုင်ငံတခုအဖြစ် မြန်မာနိုင်ငံကို နံပါတ် ၁ နေရာ သတ်မှတ်ခြင်းခံထားရပါတယ်။ လန်ဒန်အခြေစိုက် ပရဟိတအဖွဲ့တခုဖြစ်တဲ့ CAF က နိုင်ငံပေါင်း ၁၄၀ ကို လေ့လာ စစ်တမ်းကောက်ယူခဲ့ပြီးနောက် CAF အဖွဲ့ကြီးက ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ပေးကမ်း လှူဒါန်းမှုအညွှန်းကိန်း (World Giving Index) မှာ မြန်မာနိုင်ငံကို နံပါတ် ၁ သတ်မှတ်ခဲ့တာဖြစ်ပြီး၊ နံပါတ် ၂ နေရာမှာ အမေရိကန် ပြည်ထောင်စု၊ နံပါတ် ၃ နေရာမှာတော့ သြစတြေးလျနိုင်ငံတို့ ဖြစ်ပါတယ်။
 
ငွေကြေးပေးကမ်းလှူဒါန်းခြင်း၊ စေတနာ့ဝန်ထမ်းခြင်း၊ တပါးသူကို ကူညီခြင်းဆိုပြီး အပိုင်း ၃ ပိုင်းခွဲခြားထားပြီးနောက် နိုင်ငံတစ်ခုခြင်းစီရဲ့ ပျမ်းမျှလူဦးရေ အချိုးအစား ပေါ်တွင်မူတည်ပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့လည်း CAF က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံနဲ့ ပတ်သက်၍ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ အများစုနေထိုင်ရာ နိုင်ငံဖြစ်သည့်အလျောက် ဇီဝိတဒါန ပေးကမ်းစွန့်ကြဲခြင်းကို ဘာသာဓလေ့ထုံးတမ်းအရ ငယ်စဉ်ကတည်းက ယုံယုံကြည်ကြည်နဲ့ လက်တွေ့ ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို ကမ္ဘာ့ပေးကမ်းလှူဒါန်းမှု အညွန်းကိန်းမှာ နံပါတ် ၁ အဖြစ် သတ်မှတ်ခံခဲ့ရတာ ၃ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကတော့ ကမ္ဘာ့ပေးကမ်းလှူဒါန်းမှုအညွှန်းကိန်းရဲ့ ထိပ်ဆုံး ၁၀ နိုင်ငံမှာ ပါဝင်ပြီး၊ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ဒီနှစ်မှာ ပေးကမ်းလှူဒါန်းမှု အနည်းဆုံး နိုင်ငံစာရင်းမှာ သတ်မှတ်ခြင်းခံခဲ့ ရပါတယ်။
 
Credit:ဗွီအိုအေ
 

26 Oct 2016     1,265 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS