BEC-TERO TV

ပို့သူ မသိတဲ့ အသည်းပုံ နှင်းဆီပန်းကြီးရလိုက်တဲ့ အိချောပို

26 Oct 2016     1,536 Views


သရုပ်ဆောင် အိချောပိုကတော့ နှင်းဆီပန်းတွေနဲ့ ပုံဖော်ထားတဲ့ အသည်းပုံပန်းပွင့် လက်ဆောင်ရတာကြောင့် ပျော်နေတယ်လို့ သိရပါတယ်။ ရှုတင်က ပြန်ရောက်ရောက်ချင်းမှာ အဲဒီအသည်းပုံ နှင်းဆီပန်းကို လာပို့သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်သူလာပို့သွားမှန်းမသိပေမဲ့ အရမ်းကြိုက်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြထားပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က ရရှိခဲ့တာလဲဖြစ်ပါတယ်။ "ရှုတင်ကပြန်ရောက်ရောက်ချင်း အိမ်မှာ အရမ်းကြိုက်တဲ့ နှင်းဆီပန်းတွေလာပို့ပေးသွားလို့ ကျေးဇူးပါရှင့်။ ဘယ်သူလာပို့တာပါလိမ့်။ ဒါပေမဲ့ အရမ်းကြိုက်အရမ်းပျော်" လို့ ရေးသားထားပါတယ်။

အိချောပိုက လက်ရှိမှာ "ကြေးကြီးတယ်" ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ နေမျိုးအောင်၊ ထွန်းကိုကို၊ ဇွဲနိုင်ဝင်း၊ မမြတ်နိုး၊ နေဆန်း၊ ခင်ဇာခြည်ကျော်တို့နဲ့အတူ ရိုက်ကူးနေတယ်လို့သိရပါတယ်။

Credit:Duwun


26 Oct 2016     1,536 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment