BEC-TERO TV

တိရိစ္ဆာန်လေးများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဆယ်ကျော်သက် မိန်းကလေးအားဖမ်းဆီး

26 Oct 2016     1,323 Views


အသက် ၁၇ နှစ်အရွယ် “အလီနာ အော်လိုဗာ” ဆိုသူ ရုရှားမိန်းကလေးတစ်ဦးအား အိမ်မွေးတိရိစ္ဆာန်လေးများကို ညှဉ်းပမ်းနှိပ်စက်၍ ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး အဆိုပါ ဓါတ်ပုံများကို လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် တင်ထားခဲ့သည့်အတွက် ရဲများက ဘလာဒီဘိုစတော့မြို့တွင် ဖမ်းဆီးခဲ့သည်။
 
 
ရက်စက်သတ်ဖြတ်ရမှ ကျေနပ်နှစ်သိမ့်တတ်သော သူမ၏ လုပ်ရပ်များကို သူမ၏ သူငယ်ချင်းဖြစ်သူ “ခရစ်စတီးနားကေ” အသက် ၁၇ နှစ်က ပါဝင်ကူညီသတ်ဖြတ်ခဲ့သည်။ ခွေးလေးတစကောင်ကို နံရံတွင် ကားစင်တင်သတ်သလို သတ်ခဲ့ပြီး ကြောင်လေးတစ်ကောင်ကိုတော့ နှလုံးကို ထုတ်ယူခဲ့ကြသည်။
 
 
သတ်ရဖြတ်ရတာကို ပျော်ရွှင်နေပုံရတဲ့ သူတို့နှစ်ဦးက တိရိစ္ဆာန်လေးများကို သတ်ဖြတ်ရန် ကြိုတင်၍ မိတ်ကပ် အနီနှင့် မျက်နှာဆေးချယ်မှုများကို ကြောက်စရာကောင်းအောင် ပြင်ဆင်ထားပြီးမှ သွေးအေးအေးနှင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမတို့၏ သတ်ဖြတ်ပြီး ပုံများကို လူမှုကွန်ယက်ပေါ် တင်စကတည်းက လူအများက သူတို့ကို ဖမ်းမိရန် သူတို့၏ တက်တူးအမှတ်အသားများ၊ နောက်ခံနေရာဒေသများကို  သတိထားကာ ရှာဖွေနေခဲ့ကြသည်။
 
 
 
ဆယ်ကျော်သက်နှစ်ဦးလုံးမှာ ရုရှားနိုင်ငံမြောက်ပိုင်းရှိ ခါဘရိုမြို့က ဖြစ်ကြပြီး စွန့်ပစ်ထားသည့် တိရိစ္ဆာန်လေးများကို ကောက်ယူမွေးစားမည့် အယောင်ဆောင်ကာ ရရယူခဲ့ကြကြောင်း စွပ်စွဲခံထားရသည်။
 
 
“အလီနာ အော်လိုဗာ” က သူမရဲ့ မိခင်ကို သတ်ဖို့လည်း စီစဉ်နေကြောင်း အွန်လိုင်းပေါ်တွင် ရေးသားခဲ့ပြီး အကယ်၍ ဖမ်းမိသွားခဲ့ပါက ထောင်ဘယ်နှစ်နှစ်ကျနိုင်မည်လဲ ဆိုတာကိုပါ မေးမြန်းထားသူလည်းဖြစ်သည်။
 

26 Oct 2016     1,323 Views




RELATED

Most Popular of Special or Others

Most Popular of NEWS