BEC-TERO TV

ဘင်္ဂါလီအန္တရာယ်ကြောင့် မူရင်းနေရပ်ကို မပြန်ရဲကြတော့သော မောင်တောဒေသခံများရှိနေ

27 Oct 2016     1,350 Views


ရခိုင်ပြည်နယ်မောင်တာ၊ ဘူးသီးတောင်၊ စစ်တွေမြို့များရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလုံနေသည့် မောင်တောကျေးရွာများမှ ဒေသခံအချို့မှာ နေရပ်ပြန်ကြသော်လည်း လက်လုပ်လက်စား ဒေသခံ (၂၀၀၀) ကျော်မှာ လုံခြုံရေး အခြေအနေကြောင့် မူလနေထိုင်ရာ ကျေးရွာများသို့ မပြန်ရဲသေးကြောင်း သိရှိရသည်။
 
ကျွန်မတို့က ရွာအနီးအနားမှာရှိတဲ့ မြစ်ချောင်းတွေအပေါ် မှီခိုပြီးနေကြရတာပါ။ရွာပတ်လည်မှာက ဘင်္ဂလီတွေ ချည်းပါပဲ။ ရွာပြန်ရောက်ရင် ဘယ်လို စားသောက်ရမှာလဲ။ စစ်တပ်၊ ရဲတွေကရွာမှာပဲ ရှိမှာပါ။ကျွန်မတို့က အပြင် ထွက်ပြီး ရှာစားနေရတာဆိုတော့ ဘယ်လိုမှလုံခြုံမှုက ရှိမှာမဟုတ်ပါဘူး။ ရွာနီးနားမှာ သူတို့တွေရှိနေသမျှတော့ မပြန်တော့ပါဘူး။ အခုစစ်တွေက ဆွေမျိုးတွေဆီကရင်းနှီးဖို့ငွေနှစ်သောင်းချေးထားတယ်။ သင်္ဘောသီးသုတ် ရောင်းပြီး ဝမ်းစာရှာဖို့လုပ်နေတယ်။”ဟု စစ်တွေမြို့ ဓညဝတီအားကစားကွင်းရှိ ယာယီကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိနေသူ မောင်တောမြို့နယ်၊အလယ်သံကျော်ကျေးရွာမှ ဒေါ်မတင်အေးက ပြောသည်။
 
ရခိုင်ပြည်နယ်၏ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမူနောက်ပိုင်း ဘူးသီတောင်နှင့် မောင်တောမြို့နယ်များမှ ကျေးလက်နေဒေသခံများ အောက်တိုဘာ(၁၂)ရက်မှစ၍ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့များရှိ ယာယီ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြပြီး စပါးရိတ်သိမ်းရန် ဒေသခံတောင်သူတချို့  ပြန်သွားကြသော် လည်း အောက်တိုဘာ ၂၅ ရက်အထိ  လက်လုပ်လက်စား ၂၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။ မောင်တောခရိုင်အတွင်း ရခိုင်တိုင်းရင်းသားကျေးရွာများမှာ လုံခြုံရေးအခြေအနေ စိုးရိမ်နေရသဖြင့် ၎င်းတို့၏ ကျေးရွာများမှ အောက်တိုဘာ(၁၂)ရက်မှစ၍ ပြောင်းရွှေ့ထွက်ပြေးလာကြခြင်းဖြစ်ပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်စသည့်မြို့များရှိ ယာယီခိုလုံရေးစခန်းများ နေထိုင်ကြရပြီး မောင်တောဒေသခံများအား မြို့နယ်အသီးသီးတွင် အလှူငွေများကောက်ခံကာ ကူညီပံပို့ပေးလျက် ရှိကြောင်း သိရသည်။
 
ဘူးသီးတောင်မှာ အောက်တိုဘာ ၂၅ ရက်အထိ စစ်ရှောင်လူဦရေး ၈၀၀ ကျော် ရှိနေသေးတယ်။ တချို့ကပြန် သွားကြပေမယ့် အများစုက ကျန်နေသေးတယ်။ မပြန်နိုင်တဲ့ အဓိကအချက်က လုံခြုံရေးအခြေအနေကြောင့်ပါ။ မပြန်နိုင်တဲ့သူ အများစုကလက်လုပ်လက်စားများတယ်။ အများစုက စားဝတ်နေရေးအခက်အခဲကြောင့် မပြန်တာမဟုတ်ပါဘူး။ဒေသ လုံခြုံရေးကိစ္စက စိုးရိမ်ရတဲ့အနေအထားမှာ စိတ်ချရတဲ့ အနေအထားမရှိနေသေးတဲ့ အတွက် စိတ်မလုံခြုံမှုတွေကြောင့် မပြန်ကြတာပါ။”ဟုအဆိုပါ စစ်ရှောင်ဒေသခံများအား ထောက်ပံ့ပေးနေသည့် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။
 
မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်ခံရမူဖြစ်စဉ်သည် RSO အဖွဲ့နှင့် ဆက်နွယ်သည့် Aqu Mul Mujahidin အမည်ရအဖွဲ့ဖြစ်ပြီး ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ပါဝင်ကြောင်း မြန်မာနိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပြီး မောင်တောခရိုင်အား စစ်ဆင်ရေးနယ်မြေ သတ်မှတ်ကာ တပ်မတော်မှ နယ်မြေရှင်း လင်းရေးများ ဆောင်ရွက်လျှက်ရှိနေသည် ယာယီခိုလုံရေးစခန်းများသို့ရောက်ရှိလာသူအများစုမှာ သက်ကြီးရွယ်အိုများ၊အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြကြောင်း သိရသည်။
 
Credit:မြစ်မခမီဒီယာ
 

27 Oct 2016     1,350 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS