BEC-TERO TV

ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုထင်ကျော်အား ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီများအား ဆဲဆိုမှုဖြင့် တပ်မတော်မှ အမှုဖွင့်တရားစွဲ

27 Oct 2016     1,478 Views


ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) ဥက္ကဋ္ဌ ကိုထင်ကျော်ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပုဒ်မ ၅၀၅(က) နှင့် တပ်မတော်က တရားစွဲဆိုပြီး မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ရမန်ယူကာ ဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။
 
၂၀၁၃ ခုနှစ်တွင် ကိုထင်ကျော်က နန်းထိုက်တော်ဝင်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို  မမှန်သက်သေတင်သွင်းမှု(ပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃) နှင့် တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ရာ အမှုဖြစ်ပွားခဲ့ပြီး နိုင်ငံတော်၏ တရားလိုပြသက်သေအဖြစ် ထောင်အတွင်းမှ အကြိမ်ကြိမ်လာရောက်ကာ တရားရင်ဆိုင်ခဲ့သော်လည်း တရားခံများဖက်မှ မည်သူတဦးတစ်ယောက်မျှ လာရောက် တရားရင်ဆိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တရားခံများကို လာရောက် အမှုစစ်ဆေးခံရန် ဖိအားမပေးနိုင်သည့် မြန်မာနိုင်ငံတရားစီရင်ရေးအပေါ် စိတ်ပျက်လျက် ခရိုနီစစ်ဗိုလ်ချုပ်ကြီးများကို ဆဲဆိုခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခြင်း ခံခဲ့ရခြင်းဖြစ်သည်။
 
ကိုထင်ကျော်အား တရားလိုပြုလုပ်၍ အမှုဖွင့်သောသူမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှုးကြီး ဇော်ဇော် ဖြစ်ပြီး ကိုထင်ကျော်အား နိုဝင်ဘာ ၉ ရက်တွင် ရုံးချိန်း ထပ်မံချိန်းဆိုခဲ့သည်။
 

27 Oct 2016     1,478 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS