BEC-TERO TV

အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ ဇင်ဇင်ဇော်မြင့်

27 Oct 2016     1,633 Views


စီးပွားရေးလုပ်ငန်းတွေ လုပ်လာတဲ့ ဇင်ဇင်ဇော်မြင့်က အနုပညာအလုပ်တွေ ပြန်လုပ်လာတာလည်း တွေ့ရပါတယ်။ ZZ Gems and Jewellery ဆိုင်ခွဲသုံးဆိုင်ဖွင့်လှစ်ထားတဲ့ သူမက ဝါသနာအရ ဖြစ်ပြီး သူမကိုယ်တိုင်လည်း ဒီဇိုင်းလှလှလေးတွေ လုပ်ရတာ အရမ်းဝါသနာပါတာကြောင့် အဲ့ဒီဆိုင်လေး တွေကို ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ပြောထားပါတယ်။

မိသားစုနဲ့ စီးပွားရေးဘက်ကို အချိန်ပေးနေရပေမယ့်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစ်ဖက်မှာ ပြန်လည်လုပ်ကိုင်လာပါတယ်။ ဖက်ရှင်ရှိုးပွဲတော်တော်များများမှာ ပါဝင်နေပြီး ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ ကြော်ငြာရိုက်ကူးမှု တွေကိုလည်း လုပ်လာပါတယ်။

လက်ရှိမှာလည်း ပြက္ခဒိန်ရာသီရောက်ပြီ ဖြစ်တာကြောင့် ပြက္ခဒိန်တွေလည်း ရိုက်ထားတယ်လို့ ဇင်ဇင်က ပြောထားပါတယ်။

Credit:Duwun


27 Oct 2016     1,633 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment