Express ခရီးသည်တင်ယာဉ်ဖြင့် ခိုးယူတင်ဆောင်လာသောသစ်များ ဖမ်းဆီးရမိ
27 Oct 2016 1,577 Views

အောက်တိုဘာလ ၂၇ ရက် (ယနေ့) နံနက် ၈ နာရီအချိန်ခန့်က မန္တလေးမှ နေပြည်တော်သို့ လမ်းဟောင်းအတိုင်း ထွက်ခွာလာသော ဓူဝံခရီးသည်တင်ယာဉ်အား ပုလိပ်မြို့ အဝိုင်းအနီးတွင် တံတားဦးရဲတပ်ဖွဲ့နှင့် သစ်တောအဖွဲ့က သတင်းအရ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်၏ကုန်ပစ္စည်းများထည့်ထားရာအခန်းတွင် ဝှက်၍တင်ဆောင်လာသော တမလန်း ဓားရွှေသစ်(၂၄)တုံး အလေးချိန် (၀.၆၈၉၆)တန်ကို တရားခံတစ်ားနှင့်တစ်ကွ ဖမ်းဆီးရမိခဲ့သည်။

တရားခံကို စစ်ဆေးရာတွင် အဆိုပါသစ်များကို ပုလိပ်မြို့ မြွေဘုရားအနီးမှ နေပြည်တော်သို့ သွားမည့် ဓူဝံခရီးသည်တင်ယာဉ်ပေါ်သို့ တင်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် တံတားဦးမြို့နယ်အတွင် နယ်မြေရှင်းလင်းရှာဖွေရန် ရဲတပ်ဖွဲ့အား ညွှန်ကြားချက်ပေးထားကြောင်း သတင်းရရှိသည်။
Credit:U Aye Cho







