BEC-TERO TV

ချစ်ရတဲ့သူ အသက်ရှင်ဖို့အတွက် အသည်းကို ထုတ်လှူခဲ့တဲ့ အမျိုးသား

27 Oct 2016     1,286 Views


-ကနေဒါနိုင်ငံသား Chris Dempsey လို့ အမည်ရတဲ့ အမျိုးသားဟာ ရှားရှားပါးပါး ကိုယ်တွင်းအင်္ဂါကို သူစိမ်းအမျိုးသမီးဖြစ် တဲ့ Heather Krueger ဆက်ပြီး အသက်ရှင်သန်နိုင်ဖို့အတွက် ပေးလှူခဲ့ပါတယ်။ Heather Krueger ဟာ အသည်းရောဂါ လေးမျိုးကို ခံစားနေရသူဖြစ်ပြီး နှစ်လအတွင်းမှာ အသည်းအစားထိုး လဲလှယ်ခြင်းမပြုလျှင် အသက်ရှင်သန်ဖို့ 50% သာ ရှိတယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။

-Krueger ဟာ အသည်းအလှူရှင်ကို မျှော်လင့်ချက်မဲ့စွာ ရှာဖွေနေတဲ့အချိန်မှာ Chris နဲ့ တွေ့ခဲ့ပါတယ်။ တကယ် တမ်း သူမတို့နှစ်ယောက် တေ့တေ့ဆိုင်ဆိုင် စကားပြောဖြစ်တဲ့အချိန်မှာတော့ Krueger ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ခံစားခဲ့ရတဲ့ အသည်းရောဂါကြောင့် အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေတဲ့အချိန် ဖြစ်ပါတယ်။

-ဆေးရုံမှာ အသည်းလှုမယ့်သူစောင့်နေတဲ့ လူနာဟာ 119000 အထိ ရှိနေတာမို့ ဘယ်လိုမှ မျှော်လင့်ချက် မရှိနိုင်တဲ့ အ နေအထားဖြစ်ပါတယ်။ 

ဒါပေမယ့် Krueger ဟာ အလွန်ကံကောင်းခဲ့တယ်ဆိုရမှာပါ။ သူမရဲ့ ညီမတစ်ဝမ်းကွဲဆီကနေ Chris က သူမအကြောင်း စေ့စေ့ငင သိခဲ့ပြီး အသည်းကို လှူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်ထိ Chris နဲ့ Krueger ဟာ သူစိမ်းပြင်ပြင်သက်သက်ပါဘဲ။ Chris က ” ကျနော့်လုပ်ဖော်ကိုင်ဖက် (Krueger ရဲ့ ၀မ်းကွဲညီအစ်မ)ဆီကနေ သူ့အကြောင်းကို သိခဲ့ရပါတယ် … အဲဒီနောက် လှူဖို့ဆုံးဖြတ်ခဲ့တာပါ “လို့ မီဒီယာသမားတွေကို ပြောကြာခဲ့ပါတယ်။ ဒီအကြောင်းကို Krueger နဲ့ မိခင် သိလျှင်သိချင်းမှာပဲ နှစ်ယောက်သား ဖက်ပြီး ငိုခဲ့ရသေးတယ်လို့ ဆိုပါတယ်။ အဲဒီ နောက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေစဉ်အတွင်းမှာ နှစ်ယောက်သား တွေ့ထိချိန် များခဲ့ပြီး သံယောဇဉ်တွယ်တာခဲ့ကြပါတယ်။

ဒါပေမယ့် Chris က ချက်ချင်း လက်ထပ်ခွင့်တောင်းခဲ့တာမျိုး မဟုတ်ပါဘူး။လူတွေက အသည်းလှူပြီး သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ထင်ကြမှာစိုးလို့ပါ။ ခွဲစိတ်မှု အပြီးအတိုင် အောင်မြင်ပြီး ရှစ် 19 လ အကြာမှ Krueger ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ အဲဒီနောက် ပေါင်းသင်းနေထိုင်ခဲ့ကြပြီး၊ အမေရိကန်နိုင်ငံကို ခရီးထွက်ခဲ့ ကြပါသေးတယ်။ Chris က ” အခုကိစ္စက ခံစားချက်ထက် ပိုတယ်ဆိုတာ သေချာပါတယ် … နှစ်သန်းပေါင်းများစွာ အတူရှိနေပါရစေလို့ ကျွန်တော် မတွေးပါဘူး … ဒါပေမယ့် တက်နိုင်သလောက် အတူတူ အသက်ရှင်ကြမယ် .. ဒါဟာ အရမ်းကို အံ့သြစရာကောင်းပါတယ် “လို့ ပြောခဲ့ပါတယ်။

Soure : shwemom


27 Oct 2016     1,286 Views




RELATED

Most Popular of International News

Most Popular of NEWS