BEC-TERO TV

ရွာသားများသေကျေအောင် အိုင်အက်စ်ထောင်ထားသည့် ထောင်ချောက်များကို တွေ့ရှိ

27 Oct 2016     1,288 Views


-အီရတ်နိုင်ငံ မိုဆူးလ်မြို့စွန်က ရွာတရွာကို ပြန်လာတဲ့ ရွာသားတွေဟာ သေကျေဒဏ်ရာရအောင် ထောင်ထားတဲ့ ထောင်ချောက်တွေ ရှိတဲ့ ဥမင်တခုနဲ့ ပျက်စီးနေတဲ့ အိမ် အများစုကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။

-အိုင်အက်စ စစ်သွေးကြွတွေ လက်ထဲကနေ ဒီရွာကို သိမ်းပိုက်အပြီး ရွာခံတွေ ပြန်လာချိန်မှာ ခုလို တွေ့ရတာလို့ ရွာသား အာဘတ်စ် အာမက်က ပြောပါတယ်။

-အီရတ်နဲ့ ကာဒစ်ရှ် တပ်တွေဟာ မိုဆူးလ်မြို့စွန်က ရှိတ်ခ်အာမီယာရွာ အပါအဝင် ရွာပေါင်း ၂၀ ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

-လူ ၁ သန်းခွဲဟာ လက်ရှိမှာ မိုဆူးလ်မြို့ထဲမှာ နေထိုင်ဆဲလို့ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်မှု အဖွဲ့အစည်း (အိုင်အိုအမ်) က ပြောပါတယ်။

တကယ်လို့ ဘာသာရေး စစ်ဝါဒီတွေက ဓာတုပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့ရင် ကာကွယ်ဖို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို ကြိုတင် ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ အိုင်အက်စ် တွေဟာ အီရတ်အစိုးရ ကာဒစ်ရှ်စစ်တပ်ကို အရင်က ဒါမျိုး လက်နက်နဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ အရပ်သားတွေဟာ ဖိအားပေး နှင်ထုတ်ခံရနိုင်သလို တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေနိုင်တယ်၊ ဒါမှမဟုတ် လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်တယ်လို့ အိုင်အိုအမ် က ပြောဆို သတိပေးပါတယ်။ မိုဆူးလ်မြို့ ကျဆုံးမှုဟာ အီရတ်ကနေ အစွန်းရောက် အမာခံ ဆွန်နီဘာသာရေး စစ်ဝါဒီတွေကို နှိမ်နင်းနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆက်ဒမ်ဟူစိန် ကျဆုံးအပြီး အချင်းချင်း တိုက်နေတဲ့ အုပ်စုတွေကြား မြေသိမ်းတာနဲ့ လူမျိုးရေး သွေးချောင်းစီးတာတွေဆီကို ဦးတည်စေ နိုင်တယ်လို့ အကဲခတ်သူတွေက သုံးသပ်နေပါတယ်။

Soure : burmese.dvb.no/


27 Oct 2016     1,288 Views




RELATED

Most Popular of International News

Most Popular of NEWS