BEC-TERO TV

(FBI)က မြန်မာနိုင်ငံရဲတပ်ဖွဲ့အား မှုခင်းများ စွမ်းရည်များမြှင့်တင်ပေးရေး သင်တန်းပို့ချမှုများ လာရောက်ပြုလုပ်ပေး

27 Oct 2016     1,253 Views


-အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က မြန်မာနိုင်ငံရဲတပ်ဖွဲ့အား မှုခင်းများ ဖော်ထုတ်တိုက်ဖျက်ရာတွင် စွမ်းရည်များမြှင့်တင်ပေးရေးအတွက် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းပို့ချမှုများ လာရောက်ပြုလုပ်ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မန်မာနိုင်ငံရဲတပ်ဖွဲ့အား FBI က ပြည်တွင်း၌ပထမဆုံး လာရောက်ပို့ချသော သင်တန်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မှုခင်းများဖော်ထုတ်တိုက်ဖျက်ရာတွင် စွမ်းရည်များမြှင့်တင်ပေးရေးအတွက် လေ့ကျင့်သင်တန်းများနှင့် နည်းပညာအထောက်အပံ့များ အကူအညီပေးသွားရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားကြောင်း အမေရိကန်သံရုံးက အောက်တိုဘာ၂၇ ရက်တွင်ဖော်ပြထားသည်။ အဆိုပါသင်တန်းကို သီတင်းပတ်ရှစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ကြေညာထားသည်။ 

Credit : 7Day News Journal


27 Oct 2016     1,253 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS