BEC-TERO TV

ဖုန်းအရောင်းဆိုင်ရဲ့ မချေမငံဆက်ဆံမှုကြောင့် မြန်မာငွေ သိန်းတစ်ထောင်ဖိုး အလျာ်ပေးပြီး တစ်ဆိုင်လုံးကို ဖျက်ဆီးပြခဲ့သူ

28 Oct 2016     1,482 Views


တရုပ်နိုင်ငံက ဖုန်းအရောင်းဆိုင်တစ်ခုမှာ၊ မကြာသေးမီက ဝယ်ယူခဲ့သော iPhone ချို့ယွင်းချက်ရှိပြီး အလုပ်မလုပ်တော့တာကြောင့် ဝယ်ယူခဲ့တဲ့ဖုန်းဆိုင်ကို တာဝန်ယူပေးဖို့ လာရောက်ပြောဆိုခဲ့ရာ ဖုန်းဆိုင်မှ ဝန်ထမ်းနှင့် ပိုင်ရှင်က “ဆိုင်ကအပျက်မပြင်ပေးဘူး မဝယ်နိုင်ရင်မဝယ်နဲ့” လို့ ပြောဆိုဆက်ဆံခံခဲ့ရတာကြောင့် တရုပ်ယွမ်ငွေ ၅ သိန်း (မြန်မာငွေ သိန်းတစ်ထောင်) တန်ဖိုးကို ပိုက်ဆံပေးပြီးမှ တစ်ဆိုင်လုံးကို ဖျက်ဆီးပြခဲ့သူ ဖြစ်ပါတယ်။ 
 
လူငယ်- iPhone ဝယ်တာစက်ချို့ယွင်းနေလို့ ပြင်ပေးပါ
ဝန်ထမ်း- ပြင်ပေးလို့မရဘူး
လူငယ်- ဒါဆိုရင်လဲပေးပေါ့..
ဝန်ထမ်း- လဲပေးလို့လည်းမရဘူး..
လူငယ်- လဲမပေးရင်လည်း ငွေပြန်အမ်းပေါ့...
ဝန်ထမ်း- မနက်ဖြန်ကျမှဆိုင်ရှင်နဲ့လာတွေ့ပါ
 
လူငယ်က ဆိုင်မှပြန်ထွက်လာခဲ့ပြီးနောက် ထိုနေ့ညမှာပင် တရုတ်လူမူကွန်ရက်ပေါ်မှာ အဆိုပါအဖြစ်ပျက်အကြောင်းစုံကို ပြောဆိုရင်ဖွင့်ခဲ့ပြီး  နောက်နေ့တွင် ဆိုင်က မည်သည့်တစ်စုံတရာမှ တာဝန်မယူဘူးဆိုခဲ့ပါက တစ်ဆိုင်လုံးကို အလျော်ပေးပြီး ဖျက်ဆီးမယ်လို့ ကြေညာကတိပြုခဲ့ပါတယ်။
 
နောက်နေ့ဆိုင်သွားတဲ့အခါ ပိုင်ရှင်ကလည်း ပြင်လို့မရဘူး လဲလို့လည်းမရဘူး ငွေလဲအမ်းမပေးဘူးဆိုပြီး အထက်စီးလေသံနဲ့ပြောလိုက်တဲ့အခါ- 
 
လူငယ်- မင်းတို့စီပွားရေးလုပ်တာ ငွေမျက်နှာပဲကြည့်တာလား...? ဝယ်သူကို စော်ကားတာလား...?
ပိုင်ရှင်- ငါတို့ဆိုင်မှာမပြင်ပေးဘူး.။ ဝယ်နိုင်ရင် အသစ်ဝယ် လို့ ထေ့ငေါ့ပြီး တုံပြန်လိုက်ချိန်မှာ
iPhone ၁၀လုံးစာ တရုတ်ယွမ် ၁ သိန်း(မြန်မာငွေ သိန်း၂၀၀ နီးပါး) ကို ပေးချေပြီး iPhone တွေကို တစ်လုံးခြင်း တူနဲ့ထုပြီး ဖျက်ဆီးပြခဲ့ပါတယ်။
 
အဲသည်နောက်မှာတော့ ဆိုင်ရှင်က မချေမငံဆက်ပြီး ပြောနေတာကြောင့် ဆိုင်တစ်ဆိုင်လုံးကို ဖျက်ဆီးမယ် ဘယ်လောက်ကျလဲမေးတဲ့အခါ ဆိုင်ရှင်က ယွမ်၅သိန်း-မြန်မာငွေ သိန်း ၁ထောင် တန်ကြောင်းပြောတဲ့အတွက် ပိုက်ဆံတွေကို အပုံလိုက်ချပေးပြီး သွေးအေးအေးနဲ့ တစ်ဆိုင်လုံးရစရာမရှိအောင် ဖျက်ဆီးသွားခဲ့ပါတယ်။
အဆိုပါဗီဒီယိုကို အွန်လိုင်းပေါ်မှာ သူကြေညာကတိပေးထားတဲ့အတိုင်း တင်ပေးခဲ့ပါတယ်။
 
မြန်မာပြည်ရဲ့ ဈေးဝယ်စင်တာတွေနဲ့ ဆိုင်အတော်များများမှာ ဝယ်သူကို အထင်သေးသလို မလေးမစားဆက်ဆံနေကြတာတွေကိုလည်း မကြာခဏမြင်တွေ့ ကြားသိရပါတယ်၊ စားသုံးသူရဲ့ အခွင့်အရေးကို အလေးမထားတတ်တဲ့ အဆိုပါဆိုင်တွေရဲ့ သူဌေးနဲ့ ဝန်ထမ်းတွေဟာ ရေရှည်မှာ အောင်မြင်တဲ့ စီးပွားရေတစ်ခုကို ဦးဆောင်နိုင်ကြမည့်သူတွေ မဟုတ်လို့ သတိပြုဆင်ခြင်သင့်ပါတယ်။
 
Credit:ChitHlaing
 

28 Oct 2016     1,482 Views




RELATED

Most Popular of Special or Others

Most Popular of NEWS