BEC-TERO TV

မြန်မာနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦး ရန်ကုန်မြို့တွင် စစ်ဆေးတွေ့ရှိ

28 Oct 2016     1,427 Views


ဇီကာဗိုင်းရပ်စ်ကာကွယ်ရေးနင့် ပက်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌါနမှ အထူးအလေးထားစောင့်ကြည့် ဆောင်ရွက်ခဲ့ရာတွင် ဇီကာဗိုင်းရပ်စ်ကူးခံရသူ ကိုယ်ဝန်ဆောင်နိုင်ငံခြားသူတစ်ဦးကို ရန်ကုန်မြို့တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်။
 
အဆိုပါ ဇီကာရောဂါလက္ခဏာသံသယရှိသူ အသက် ၃၂ နှစ်အရွယ် ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို လိုအပ်သောဓါတ်ခွဲစမ်းသပ်မှုများဆောင်ရွက်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားလျှက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ 
ထို့ကြောင့် ဇီကာဗိုင်းရပ်စ် မြန်မာနိုင်ငံတွင် ဆက်လက်မပြန့်ပွားစေရန် လိုအပ်သော ကာကွယ် ထိန်းချုပ် နှိမ်နှင်း ရေး လုပ်ငန်းများကို တာဝန်ရှိသူများက အထူးအလေး ထား ဆောင် ရွက်လျှက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်းရရှိသည်။
 
Credit:ကုမုန္ဒြာ
 

28 Oct 2016     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS