BEC-TERO TV

ပြင်သစ်ကို အမှုန့်ဖြစ်အောင် ဖျက်စီးနိုင်မည့် နျူကလီးယား ဒုံးကျည်သစ်

28 Oct 2016     1,230 Views


ရုရှားနိုင်ငံဟာ အဆင့်မြင့်နည်းပညာသုံး နျူကလီးယား ဒုံးကျည်သစ်ကို ထုတ်လုပ်လိုက်ပြီး ဒါဟာ နိုင်ငံရဲ့ ဒုံးကျည်ထုတ်လုပ်မှုသမိုင်းမှာ အကြီးဆုံးဖြစ်တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ ဒီဒုံးကျည်ဟာ ပြင်သစ်နိုင်ငံတခုလုံး၊ ဒါမှမဟုတ် တက္က ဆက်ပြည်နယ် တခုလုံးကို အမှုန့်ဖြစ်သွားအောင် ဖျက်ဆီးနိုင်စွမ်းအားရှိတယ်လို့ ပြောလိုက် တာပါ။

RS-28 Sarmat လို့ အမည်ပေးထားတဲ့ ဒုံးကျည်သစ် တစက္ကန့်ကို ၄.၃ မိုင် (၇ ကီလိုမီတာ) နှုန်းနဲ့ သွားနိုင်ပြီး ခွင်းဒုံးတွေကို ရှောင်လွှဲနိုင်မယ့် နည်းပညာတွေလည်း ပါဝင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ဒီဒုံးကျည်ဟာ ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို ပစ်ချခဲ့တဲ့ နျူကလီးယား ပြင်းအားထက် အဆ ၂၀၀၀ ပိုပြင်းတဲ့ နျူကလီးယားထိပ်ဖူး 40 Megatons ကို သယ်ဆောင် နိုင်စွမ်းရှိပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ က ထုတ်လုပ်ခဲ့တဲ့ SS-18 Satan ဒုံးကျည်တွေအစား အသုံးပြုမယ့် ဒုံးကျည်အသစ်ကို ထုတ်လုပ်တည်ဆောက်ဖို့ သမ္မတ ပူတင်က ၂၀၁၀ ပြည့်နှစ်မှာ အမိန့်ပေးခဲ့ တာပါ။ ဒုံးကျည်သစ် Sarmat ဟာ အကွာအဝေး ၆၂၁၃ မိုင် (၁၀၀၀၀ ကီလိုမီတာ)ထိ ပစ်ခတ်နိုင်ပြီး ရုရှားကနေ လှမ်းပစ်မယ်ဆိုရင် အင်္ဂလန်မှ လန်ဒန်၊ မန်ချက်စတာနဲ့ တခြား ဥရောပ မြို့ကြီးတော်တော်များများဆီ ရောက်နိုင်သလို အမေရိကန်ရဲ့ အရှေ့ဘက်ကမ်းခြေနဲ့ အနောက်ဘက်ကမ်းခြေရှိမြို့ တွေထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

Credit : burmese.dvb.no/


28 Oct 2016     1,230 Views




RELATED

Most Popular of Special or Others

Most Popular of NEWS