အိန္ဒိယသမုဒရာအလယ်မှာ နွားကို ဆွဲလာတဲ့ငမန်း
28 Oct 2016 1,653 Views
သူငယ်ချင်းတစ်စု မေရိုတီမှာ ရှိတဲ့ ဖရန့်ခ်ျအိုင်းလန်း ကနေ အိန္ဒိယသမုဒရာအတွင်း ရွက်လွှင့်ခဲ့စဉ် တစ်နေရာအရောက် ရေပြင်ထဲမှာ ရုံးရင်းဆန်ခတ် ဖြစ်နေတာကြောင့် လှေကို ရပ်တန့်ခဲ့ပြီး ရေထဲကို ကင်မရာချပြီး ရိုက်ကြည့်လိုက်တဲ့အခါ ငမန်းကြီးတစ်ကောင်က နွားတစ်ကောင်ကို ဆွဲလာပြီး ကိုက်ဖြတ်နေတာကို အံ့အားသင့်စွာ တွေ့မြင်ခဲ့ရပါတယ်။
သမုဒရာအလယ်မှာ ငမန်းက နွားကို ဘဘ်နေရာက ဖမ်းယူလာတယ်ဆိုတာက ထူးဆန်းလှပါတယ်၊ ဖြစ်ပွားရာနေရာနှင့် အနီးဆုံးကမ်းခြေဟာ မီတာ ၅၀၀ လောက်ကျော်လောက် ကွာဝေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယသမုဒရာအလယ်မှာ နွားတစ်ကောင်လုံးကို ငမန်းဆွဲလာတာကတော့ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။








