အန္တရာယ်ကြားက ပညာရေးအတွက် စွန့်စွန့်စားစား ကျောင်းတက်ရတဲ့ ကလေးများ
28 Oct 2016 1,567 Views

တရုပ်ပြည် လင်ရှန်းရီပြည်နယ်မှာ ရှိတဲ့ တောင်ပေါ်ရှိ “ချောက်ကပါးရွာ” လေးမှာ မိသားစုပေါင်း ၇၂ စု နေထိုင်ကြပြီး အဲဒီရွာလေးဟာ သီးခြားဖြစ်လို့နေပါတယ်။ အဆိုပါရွာလေးမှာ နေထိုင်ကြတဲ့ ကျောင်းသား ကလေးငယ်လေးများဟာ သူတို့ရဲ့ စာသင်ကျောင်းကိုရောက်ဖို့ မီတာ ၈၀၀ ကျော်မြင့်ပြီး မတ်စောက်လှတဲ့ ကျောက်နံရံကြီးများကို အကာကွယ်မဲ့စွာနဲ့ နေ့စဉ်တက်ရောက်ပြီး ပညာသွားသင်ကြရပါတယ်။




ယခင်က ကျောက်နံရံကြီးကို တွယ်တက်ဖို့ နွယ်ကြိုးလှေကား ၁၇ ခုကို ချိပ်ဆက်ပြီး သွားလာခဲ့ကြရတာဖြစ်ပါတယ်။ ယခုတော့ နွယ်ကြိုးလှေကားအစား စတီးလှေကားတွေ တပ်ဆင်လိုက်ပြီမို့ အနည်းငယ် ကြံ့ခိုင်ပြီး ဘေးကင်တယ်လို့ ဆိုလို့ရပေမယ့် မီတာ ၈၀၀ ကျော် မတ်စောက်နေတဲ့ အမြင့်ကို ဒီလိုနေ့စဉ်တက်နေရတဲ့ ကလေးတွေရဲ့ ဘဝဟာ လုံခြုံမှုရှိတယ်လို့တော့ ပြောနိုင်သေးပါဘူး။








