အငှားယာဉ်မောင်းမှ ခရီးသည်အား နေ့ခင်းကြောင်တောင် ဓါးပြတိုက်မှု မြောက်ဒဂုံတွင်ဖြစ်ပွား
31 Oct 2016 1,442 Views

အောက်တိုဘာလ ၂၇ နံနက် ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ အသက် ၃၁ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် နာရေးကူညီမှုအသင်းသို့သွားရန်အတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၆ လမ်းဆုံတွင် ကယ်ဒီးနားအမျိုးအစား အငှားယာဉ်အား ငှားရမ်းစီးနင်းလာခဲ့သည်။ အဆိုပါအငှားယာဉ်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၅ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ ဆီဆိုင်တွင်ဆီဝင်ဖြည့်ပြီး
ဆက်လက်မောင်းနှင်လာစဉ် အထက(၄)ကျောင်းရှေ့အရောက် ယာဉ်အားလမ်းဘေးတွင်ရပ်တန့်ခဲ့ပြီး ယာဉ်မောင်းမှ နောက်ခန်းသို့ ရောက်လာကာ အဆိုပါအမျိုးသမီး၏ လည်ပင်းအားညှစ်၍ လည်ပင်းတွင်
ဆွဲထားသော အလေးချိန်(၅)မူးသားခန့်ရှိ ရွှေဆွဲကြိုးအားလုယူပြီး ယာဉ်ပေါ်မှ ဆင်းခိုင်းကာ ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်း အမှုဖွင့်တိုင်တန်းခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းထောက်လှမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မောင်းနှင်သည့် ယာဉ်မှာ AA ---- TOYOTA CALDINA ယာဉ်ဖြစ်ကြောင်း
သိရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ယာဉ်မောင်းဆံရှည်(ခ)ကိုကိုမောင်၊ (၃၅)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူအား ၂၈.၁၀.၂၀၁၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၂၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ရေခဲစက်မှတ်တိုင်ကားဂိတ်၌ အငှားယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၏စစ်ဆေးချက်များအရ အဆိုပါအမှုအား ၎င်းမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး သက်သေခံရွှေဆွဲကြိုးအား ပေါင်နှံထားရှိသည့် မြောက်ဥက္ကလာပမြို့နယ်ရှိ အပေါင်ဆိုင်မှ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး တရားခံအား အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
Credit:YangonPolice







