BEC-TERO TV

ထိုင်းပြည့်တန်ဆာအမျိုးသမီးကို သတ်ဖြတ်မိသူ မြန်မာအမျိုးသားတစ်ဦး အဖမ်းခံခဲ့

31 Oct 2016     1,290 Views


ထိုင်းနိုင်ငံ ဘန့်စဖန်မြို့ နယ်ရှိ ကာရာအိုကေဆိုင်မှ ထိုင်း အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှု ဖြင့် အသက် (၄၀) အရွယ် မြန်မာ နိုင်ငံသားတစ်ဦးအား ထိုင်းရဲတပ် ဖွဲ့က အောက်တိုဘာ ၂၉ရက်တွင် ဖမ်းဆီးထားကြောင်းသတင်းရရှိ သည်။
 
 
အောက်တိုဘာ ၂၇ ရက်ည တွင် ထိုင်းနိုင်ငံရှိ ရော်ဘာခြံ၌ အ လုပ်လုပ်ကိုင်သော မြန်မာနိုင်ငံ သားသည် ကာရာအိုကေဆိုင်ရှိ အမျိုးသမီးတစ်ဦးအား ပျော်ပါးရန် ထိုင်းဘတ်ငွေ ၁,၈၀၀ ဖြင့် ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားရာမှ ဟိုတယ်အတွင်းသတ် ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
 
သေဆုံးသူအမျိုးသမီးသည် ညလုံးပေါက်ပျော်ပါးရန် သဘောတူထားခဲ့သော်လည်း ၎င်း၏ရည်းစားက ဖုန်းဆက်ခေါ်ရာမှ ညလုံးပေါက် ပျော်ပါးရန် ငြင်းဆန်ခဲ့၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်ဟု Bangkok Post သတင်းဌာနက ဖော်ပြထား သည်။
 
‘‘အစက သဘောတူတူနဲ့ လိုက်လာတာပေါ့။ နောက်ပြီး မြန်မာအမျိုးသားဆီက မြင်းဆေး သုံးလုံးဝယ်ဖို့ ဘတ် ၅၀၀ ထပ်တောင်းတယ်ပြောတယ်။ ပျော်ပါးနေတုန်းမှာ ဟိုက ဖုန်းဆက် ခေါ်တာပေါ့။ လူလည်ကျတာပေါ့ဗျာ။ လူလည်ကျတော့ ဟိုကစိတ်ဆိုးပြီး သတ်လိုက်တာပေါ့’’ ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
 
လူသတ်မှုဖြင့် ဖမ်းဆီးခံရ သည့် မြန်မာနိုင်ငံသားသည် စစ်သားဟောင်းဖြစ်ပြီး ယခင်က လူများစွာကို သတ်ခဲ့သည်ဟု ထိုင်း ရဲတပ်ဖွဲ့ထံဝန်ခံထားသည်။
 
‘‘အမျိုးသမီးတစ်ဦးကို ဒါ ပထမဆုံးအကြိမ် သတ်ခဲ့တာလို့ ဝန်ခံထားတယ်။ အဲဒါကြောင့် စိတ်မကောင်းဖြစ်ပြီး ထွက်မပြေး တာလို့ပြောတယ်’’ဟု ဦးကျော် သောင်းကပြောသည်။
 
Credit:7Day

31 Oct 2016     1,290 Views




RELATED

Most Popular of International News

Most Popular of NEWS