BEC-TERO TV

မီးလောင်နေသော လေယာဉ်ပေါ်မှ အသက်လုထွက်ပြေခဲ့ကြသည့် ဗီဒီယို

31 Oct 2016     1,558 Views


အောက်တိုဘာလ ၂၈ ရက်နေ့က ချီကာဂိုမြို့လေဆိပ်မှာ အမေရိကန်လေကြောင်းလိုင်းတစ်ခု လေယာဉ်ပျံမတက်မီ အင်ဂျင်မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားပြီး အရှိန်အဟုန်နဲ့ မီးလောင်နေတဲ့ လေယာဉ်ပေါ်မှ ခရီးသည်များအားလုံး ဒရောသောပါး လေယာဉ်ပေါ်မှ လွတ်မြောက်အောင် အမြန်ပြေးထွက်ခဲ့ကြရပါတယ်။
 
မိုင်ယာမီသို့ ထွက်ခွာမည့် အမေရိကန် လေကြောင်းလိုင်း ဘိုးရင်း ၇၆၇ ခရီးသည် ၁၆၁ ဦး နှင့် လေယာဉ်အမှုထမ်း ၉ ဦး လိုက်ပါလာပြီး လေယာဉ်ပျံမတက်မီ လေယာဉ်ညာဘက်အတောင်ပံရှိ အင်ဂျင်ချို့ယွင်းခဲ့ပြီး လောင်စာဆီယိုစိမ့်ရာမှ မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပါတယ်။
 
ဗီဒီယိုတွင် မီးလောင်နပြီး အချိန်မရွေး ပေါက်ကွဲထွက်နိုင်သော လေယာဉ်မှ ခရီးသည်များ အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးခဲ့ကြပုံကို  စိတ်လှုပ်ရှားဖွယ်ရာ မြင်တွေ့နိုင်ပါတယ်။
အဆိုပါလေယာဉ်မီးလောင်မှုတွင် လေယာဉ်အမှုထမ်း တစ်ဦးနှင့် ခရီးသည် ၁၉ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း သိရှိရသည်။
 

31 Oct 2016     1,558 Views




RELATED

Most Popular of International News

Most Popular of NEWS