BEC-TERO TV

ချက်လက်မှတ်အတုထိုးပြီး ဘဏ်မှာ ငွေသိန်းထောင့်နှစ်ရာကျော် ထုတ်သုံးခဲ့သည့် အိမ်အကူအမျိုးသမီး

01 Nov 2016     1,342 Views


မြန်မာငွေသိန်းပေါင်း ထောင့်နှစ်ရာကျော် ပမာဏရှိသော စင်ကာပူဒေါ်လာ ၁၀၈,၃၁၅ ကို အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးတစ်ဦးက ချက်စာရွက်စုစုပေါင်း ၄၂ ခုပေါ်တွင် အလုပ်ရှင်၏ လက်မှတ်အတုထိုးပြီး အကြိမ်ကြိမ် ခိုးယူခဲ့တဲ့အမှုအတွက် အောက်တိုဘာလ ၃၁ ရက်နေ့အထိဆိုရင် ထောင်ဒဏ် ၂၁ လ ကျခံခဲ့ပြီးဖြစ်ပါတယ်။
 
အသက် ၃၇ နှစ်အရွယ် “အိုင်တက်တီ” ကို လက်မှတ်အတုထိုးတဲ့အမှု (၁၀)ခု နဲ့ ခိုးယူမှုတစ်ခု အပါအဝင် အခြားစွဲချက် (၃၃) ခုနဲ့ တရားစွဲဆိုခ့ခဲ့ရခြင်းဖြစ်ပါတယ်။ အဆိုပါ အိမ်အကူအမျိုးသမီးက သူမ၏ အိမ်ရှင်ဖြစ်သူ အသက် ၆၈ နှစ်အရွယ် “မဒမ်ရောင်ဖောင်ပန်း” ထံမှာ အလုပ်လုပ်ခဲ့တာ ၁၃ နှစ်မျှကြာခဲ့ပြီဖြစ်ပါတယ်။
 
စုံစမ်းတွေ့ရှိချက်များအရ ၂၀၁၅ ခုနှစ် မေလတုန်းက အိမ်ရှင်ဖြစ်သူရဲ့ UOB ဘဏ် ချက်စာအုပ်ကို အိပ်ခန်းထဲကနေ ခိုးယူခဲ့ပါတယ်၊ အဲသည်အချိန်ကစပြီး ပိုက်ဆံတွေကို အိမ်ရှင်မသိအောင် တတိတိနဲ့ ခိုးထုတ်ယူခဲ့ပါတယ်။ ချက်စာရွက်ပေါ်က ငွေပေးချေရမည့်နေရာတွင် သူမရဲ့ အမည်ကိုရေးကာ အိမ်ရှင်ဖြစ်သူရဲ့ လက်မှတ်အတုထိုးပြီး ထုတ်ယူခဲ့ခြင်းဖြစ်ပါတယ်။
 
ထုတ်ယူလို့ရတဲ့ ပိုက်ဆံတွေကို လောင်းကစားလုပ်ခြင်း၊ အချို့ကို အင်ဒိုနီးရှားက မိသားစုထံ ပေးပို့ခြင်းနဲ့ သုံးဖြုန်းခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ၂၀၁၅ နိုင်ဝင်ဘာလ ၂၄ ရက်နေ့မှာတော့ UOB ဘဏ်က ပေးပို့လာတဲ့ ဘဏ်စာရင်းရှင်းတမ်းကြောင့် အိမ်ရှင်ဖြစ်သူ ပိုက်ဆံတွေ ပျောက်နေတာ၊ ထုတ်ယူခံထားရတာတွေကို တွေ့ရှိပြီး ရဲကို အကြောင်းကြားတိုင်တန်းခဲ့ပါတယ်။
 
“အိုင်တက်တီ” က သူမကို သက်ညှာစွာ စဉ်းစားပေးရန် အသနားခံထားပြီး နောင်တွင် ယခုလို ပြစ်မှုမျိုး ထပ်မံ၍ မလုပ်တော့ပါ၊ ဖြစ်နိုင်ရင် သူမ အိမ်အမြန်ပြန်ချင်ပါတယ်လို့ အသနားခံစာမှာ ဖော်ပြထားပါတယ်။
သိုသော်လည်း သူမ၏ ပြစ်မှုမှာ ကြိုတင်ကြံစည်ထားခြင်းဖြစ်ခဲ့ပြီး တစ်ကြိမ်မက ပြစ်မှုကျုးလွန်ခဲ့ပြီး ဒေါ်လာ ၁၀၀,၀၀၀/ကျော် အလွဲသုံးစားလုပ်ထားခဲ့တဲ့အပြင် အလုပ်ရှင်၏ ယုံကြည်မှုကိုလည်း အလွဲသုံးစာ ပြုရာရောက်သည်ဟု အမှုကို စစ်ဆေးသော ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 
ထို့ကြောင့် လက်မှတ်အတုပြုလုပ်ကျူးလွန်ခဲ့သော အမှုတစ်ခုခြင်းစီအတွက် ငွေဒဏ်နှင့် ထောင်ဒဏ် (၁၅) နှစ်အထက် ကျခံဖွယ်ရာရှိနေပါသည်။
 
 

 


01 Nov 2016     1,342 Views




RELATED

Most Popular of International News

Most Popular of NEWS