BEC-TERO TV

ရည်းစားအယောက် ၂၀ ကပေးတဲ့ iPhone 7 တွေနဲ့ အိမ်ဝယ်နိုင်ခဲ့သူ မိန်းကလေး

01 Nov 2016     1,303 Views


တရုပ်နိုင်ငံ ရှန်ကျန်းပြည်နယ်က “ရှိုလီ” ဆိုတဲ့ အမျိုးသမီးလေးက သူမရဲ့ ချစ်သူအယောက် ၂၀ ကို iPhone 7 ဝယ်ပေးခိုင်းခဲ့ပြီးနောက် အဆိုပါ iPhone များကို ရောင်းချကာ သူမအတွက် ကိုယ်ပိုင်အိမ်လေး  တစ်လုံးဝယ်ယူခဲ့ကြောင်း တရုပ်လူမှုကွန်ယက်ဖိုရမ် တစ်ခုမှ ပွက်လောရိုက်သွားခဲ့ပါတယ်။
 
“ရှိုလီ” ဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူကို သူ့ရဲ့ကိုယ်ပိုင်အိမ်လေးကို ဘယ်လိုနည်းနဲ့ ဝယ်နိုင်ခဲ့ကြောင်း ပြောပြခဲ့ရာမှ  လူမှုကွန်ယက်ဖိုရမ်မှာ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ပါတယ်။ သူမ၏ သူငယ်ချင်းက “မာနခဲလေးကျူဘာ” ဆိုတဲ့ အမည်နဲ့ ဖိုရမ်မှာ အဆိုပါ သတင်းကို အောက်ပါအတိုင်း ရေးတင်ခဲ့ပါတယ်။
 
ဒီသတင်းက လတ်တလော ရုံးမှာတော့ ပြောစမတ်ဖြစ်နေပြီ၊ ဒီအကြောင်းတွေကို သူ့ရည်းစားတွေများ သိသွားရင် ဘယ်လိုများနေမလဲ မသိဘူးနော်
“မာနခဲလေးကျူဘာ” ဆိုသူက “ရှိုလီ” ဟာ ချမ်းသာတဲ့ မိသားစုကလာတာမဟုတ်ကြောင်း၊ သူမက အကြီးဆုံးသမီးဖြစ်ပြီး သူ့အမေကလည်း အိမ်ရှင်မသာဖြစ်ပြီး သူ့အဖေက ကျပန်းအလုပ်သမားတစ်ဦးသာ ဖြစ်ကြောင်း ဖော်ထုတ်ရေးသားခဲ့သည်။
 
သူ့မိဘတွေက အသက်လည်းကြီးပြီ သူတို့အတွက် အိမ်တစ်လုံးဝယ်နိုင်ဖို့ဆိုတာ အတော်လေး မဖြစ်နိုင်တဲ့ကိစ္စပါ ဒါပေမယ့် သူက ဒီနည်းလမ်းကို သုံးပြီး အိမ်ဝယ်နိုင်ခဲ့တာ ယုံတောင် မယုံနိုင်ဘူး
 
အွန်လိုင်းဖိုရမ်မှာ လူအတော်များများက “ရှိုလီ” ရဲ့ အမျှော်မြင်ရှိပုံ ကြံတတ်ဖန်တတ်ပုံတွေကို ချီးကျူးရေးသား ဝေဖန်ခဲ့ကြပါတယ်။ အွန်လိုင်း သုံးသူ မိန်းကလေးတစ်ဦးကမူ -
 
ငါ့မှာတော့ ရည်းစားဆိုလို့ မူးလို့ရှုစရာတောင်မရှိဘူး၊ သူကတော့ ရည်းစားအယောက် ၂၀ ကို တစ်ပြိုင်ထဲထားတဲ့အပြင် iPhone တွေပါ တစ်ချိန်ထဲ ဝယ်ခိုင်းလိုက်သေးတယ်၊ ဘယ်လိုနည်းကို သုံးလိုက်လဲဆိုတာ သူ့ဆီမှာ သင်ချင်လိုက်တာ” ဟု ရေးသားခဲ့သလို “ရှိုလီ” ရဲ့ လုပ်ကွက်က အောက်တန်းကျတယ်လို့လည်း ဝေဖန်ခဲ့သူတွေရှိခဲ့ပါတယ်။
 
အချို့က ဒီကိစ္စကို အွန်လိုင်းမိုဘိုင်းဖုန်း ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဟီရှီဘို ရဲ့ လုပ်ကြံဇာတ်လမ်းတစ်ခုလို့ သံသယရှိနေဆဲ့ပါ။ သို့သော် ကုမ္ပဏီကတော့ အမျိုးအမီးတစ်ဦးထဲက ဖုန်းတစ်လုံးကို တရုပ်ယွမ်ငွေ ၅,၇၅၀ (မြန်မာကျပ်ငွေ ၁,၀၉၂,၃၇၇) တန်ဖိုးရှိတဲ့ iPhone 7 ခုနှစ်လုံး အောက်တိုဘာလ အစပိုင်းမှာ ဝယ်ယူသွားခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
 

01 Nov 2016     1,303 Views




RELATED

Most Popular of Special or Others

Most Popular of NEWS